နယ်စပ်စခန်းများမှ ဆန်ပိုမိုတင်ပို့

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်နဲ့လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၆ဒသမ ၉၄၇ သန်းဖိုးရှိ ဆန် ၁၈၈၀၉ တန်ကျော်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၁၅ ရက်နေ့ထိမှာ တစ်ဖက်နိုင်ငံကို တင်ပို့ခဲ့ပါတယ်။မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၀၉၇၇ တန် ၊ ဧည့်မထဆန် ၅၅၃၂ တန်နဲ့ လွယ်ဂျယ်မှ တန်၂၃၀၀ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တင်ပို့မှုထက် ၃၂၃၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ ၂ဒသမ ၆၃၀ သန်းဖိုးရှိတဲ့ ဆန်ကွဲ ၈၂၀၃ တန်ကို မူဆယ်နဲ့ လွယ်ဂျယ်မှ တင်ပို့ခဲ့ပြီး မူဆယ် ၁၀၅ မိုင်မှ ၇၁၂၃ တန်၊ လွယ်ဂျယ်မှ တန် ၉၀၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက် ၁၇၇ တန်ခန့်လျော့နည်းခဲ့ပါတယ်။ ယခုသီတင်းပတ်မှာ ကောက်ညှင်းဆန်တင်ပို့မှုမရှိဘူးလို့သိရပါတယ်။

ယဉ်ယဉ်အေး MIRT (DCCA)