ပဋိပက္ခများကြောင့် တစ်ဖက်နိုင်ငံတွင် နေ့စဉ်လိုလို ဆူပူဆန္ဒပြမှုများ၊ ကားလမ်းပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိ

   မောင်တောနယ်စပ် တစ်ဖက်နိုင်ငံမှာ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီနှစ်ခုအကြား နိုင်ငံရေးပဋိပက္ခများကြောင့် နေ့စဉ်လိုလို ဆန္ဒပြမှုများ၊ ကားလမ်းပိတ်ဆို့မှုများ ပြုလုပ် လျက်ရှိရာ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိမှသာ မိမိနိုင်ငံကတင်ပို့တဲ့ ကုန်ပစ္စည်းများအဆင်ပြေစွာသွားလာနိုင်မယ်လို့ မောင်တောနယ်စပ်ကုန်သည်အသင်းဥက္ကဋ္ဌက ဇန်န ဝါရီလအတွက် ပြုလုပ်တဲ့ မောင်တောနယ်စပ်ကုန်သွယ်မှုမြှင့်တင်ရေ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

  မြန်မာနိုင်ငံမှ ပုစွန်များကိုလက်ခံနေတဲ့ ကော့ဘဇားရှိ အအေးခန်းစက်ရုံမှာ ယခုထိလိုင်စင်သစ်မရရှိသေးတာကိုလည်းသတင်းရရှိထားတယ်လို့ဆွေးနွေးချပြခဲ့ပါတယ်။ ငါးခြောက် ရာသီဖြစ်တဲ့အတွက် ကျောက်ဖြူ၊သံတွဲမှ ငါးခြောက်များ ပိုမိုမှာယူပြီးများများတင်ပို့နိုင်အောင် ကြိုးပမ်းကြရန်လည်း ကုန်သည်အသင်းဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

မြင့်မြင့်မာ MIRT (DCCA)