ကျပ် ၁၃ သိန်းနီးပါးတန်ဖိုးရှိ နိုင်လွန်ဇာများအမယ်လွဲတင်ဆောင်

  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ထုတ်နုတ် Mobile Team အဖွဲ့က စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေးတာဝန်ထမ်းဆောင်နေစဉ် ဇန်နဝါ ရီလ ၂၆ ရက် ညနေ ၄နာရီ မီနစ်၂၀ ခန့်က (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဂျူတီဆောင်ပြီး ထွက်ခွာလာတဲ့ ၆ ဘီး ယာဉ်အားစစ်ဆေးရာမှာ အမယ်လွဲတင်ဆောင်လာတဲ့ နိုင်လွန်ဇာ ၈၂၈ ကီလိုဂရမ် (၁၉ ထုပ်) အားစစ်ဆေးတွေ့ရှိခဲ့ရပြီး ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၂ ဒသမ ၈၈၅ သိန်းရှိတယ်လို့သိရပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်လှစ် သိမ်းဆည်းထားတယ်လို့သတင်းရရှိပါတယ်။

DCCA