ဒိုင်နာယာဉ်ပေါ်မှ ပြောင်းမျိုးစေ့အိတ်များကို တာချီလိတ် Mobile Team မှ သိမ်းဆည်းရမိ

   တာချီလိတ် Mobile Team မှ ဦးစီးအရာရှိနှင့်အဖွဲ့သည် မတ်လ  ၆ ရက်နေ့  ၁၂ း ၀၀ နာရီတွင် တာလေတိုးဂိတ်အနီး၌ တာဝန်ထမ်းဆောင်စဉ် တာချီလိတ်ဘက်မှ မောင်းနှင် လာသော ဒိုင်နာယာဉ်အမျိုးအစား  5F/ xxxx  ပေါ်တွင် တရားမဝင်အကောက်ခွန်မဲ့တင်ဆောင်လာတဲ့ ခြင်္သေ့ခေါင်းတံဆိပ် ပြောင်းမျိုးစေ့အိတ် ၅၀ ခန့်ကို စစ်ဆေးတွေ့ရှိသိမ်း ဆည်းရမိခဲ့ပါတယ်။ အဆိုပါ သိမ်းဆည်းရမိ ခြင်္သေ့ခေါင်းတံဆိပ် ပြောင်းမျိုးစေ့အိတ်များအား Mobile Team အဖွဲ့စုံဖြင့် စနစ်တကျစစ်ဆေး၍ တာချီလိတ်အကောက်ခွန်မြို့နယ်ရုံး တွင် အကောက်ခွန်အမှုတွဲဖွင့်လှစ်ခဲ့ပါတယ်။ ပြောင်းမျိုးစေ့ အိတ်များရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်းခြောက်ဆယ်ခန့်ရှိတယ်လို့သိရပါတယ်။

DCCA