၂၀၁၄ ခုနှစ် ဇူလိုင်လမှ ၂၀၁၅ ခုနှစ် မတ်လ ၅ ရက်ထိကာလအတွင်း Mobile Team မှ ကျပ်သန်း ၂၉၆၃၃ ကျော်ဖိုး အမှုတွဲဖွင့်လှစ်နိုင်

   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ Mobile Team လုပ်ငန်းများ ဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ် နိုဝင် ဘာလ ၁ ရက်နေ့က စတင် ခဲ့တာဖြစ်ပါတယ်။ ဗဟိုကော်မတီရဲ့ ကြီးကြပ်ထုတ်နုတ်အင်အား Mobile Team ရဲ့ အမှုတွဲဖွင့်လှစ်ရရှိမှုပေါင်းမှာ ၅၀၀၆ ခုရှိပြီးခန့်မှန်းတန်ဖိုးမှာ ကျပ်၂၉၆၃၃ ဒသမ ၂၄၄သန်းရှိပြီလို့သိရပါတယ်၊ မူဆယ်-မန္တလေးလမ်းကြောင်းမှာ ၁၂၉၂ မှု၊ မြဝတီ- ရန်ကုန်လမ်းကြောင်းမှာ ၁၆၃၂ မှု ၊ မူဆယ်ထုတ်နုတ်အင်အား ၁၈၄၇ မှု၊ တမူးထုတ်နုတ် အင်အား ၂၀ မှု၊ တာချီလိတ်ထုတ်နုတ်အင်အား ၁၉၄ မှု၊ ကန်ပိုက်တီး OSS အင်အား ၂ မှု၊ မူဆယ် OSS အင်အား ၄ မှုနဲ့ ကျိုင်းတုံထုတ်နုတ်အင်အား ၁၆ မှုအသီးသီး အမှုတွဲ ဖွင့်လှစ်ဖမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါတယ်။

DCCA