မှန်လုံယာဉ်ပေါ်မှ FM Radio ကျပ် ၁၄ သိန်းဖိုးခန့်သိမ်းဆည်းရမိ

   အေးရှားဝေါလ်တိုးဂိတ်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် Mobile Team အဖွဲ့မှ ရှမ်းမင်းသား မှန်လုံယာဉ်အား စစ်ဆေးရာ တရား မဝင်တင်ဆောင်လာတဲ့ FM Radio 181 အား သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိ FM Radio များကတော့ 1332 (FM ESON), KK-8108(Kachibo), NS-018 (NNS) Brand များဖြစ်ပါတယ်။ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၁၄ သိန်းခန့်ဖြစ်ပြီးအဖွဲ့စုံဖြင့် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်အမှုတွဲဖွင့်လှစ်ခဲ့ပါတယ်။

DCCA