ရှောင်ကွင်းလမ်းတစ်ဝိုက်မှ တမလန်းလို့ယူဆရတဲ့ သစ်ခွဲသားချောင်းများသိမ်းဆည်းရမိ

  မူဆယ်-မန္တလေးလမ်းကြောင်းတစ်လျှောက်တွင် စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်း များဆောင်ရွက်စဉ် မတ်လ ၁၄ ရက် ၁၀း၃၀ ချိန်ခန့်မှာ ရှောင်ကွင်းလမ်းမှာစုပုံထားတဲ့ တမလန်းလို့ယူဆရတဲ့ သစ်ခွဲသား ၃၅ ချောင်းနဲ့ ၁၅း၃၀ ချိန်မှာ ၁၀ ချောင်းကို သိမ်းဆည်းရမိခဲ့တဲ့အတွက် လုပ်ထုံးလုပ်နည်း နဲ့အညီ အကောက်ခွန်အမှုတွဲများဖွင့်လှစ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ သိမ်းဆည်း ရမိသစ်ချောင်း စုစုပေါင်း ၄၆ ချောင်းရဲ့ခန့်မှန်းတန်ဖိုးမှာ ကျပ်၁၉ ဒသမ ၄၅၀သိန်း တန်ချိန် အားဖြင့် သုည ဒသမ ၃၈၉ တန်ဖြစ်ပါတယ်။

DCCA