တမူးနယ်စပ်မှ ယမန်နှစ်ကာလတူထက် ကုန်သွယ်မှုပိုမို

   ကုန်သွယ်ရေးဦးစီးဌာန တမူး ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၁၅ ခုနှစ် ဧပြီလမှာ ပို့ကုန် ကုန်ဒေါ်လာ ၃ ဒသမ ၈၁၄ သန်း၊ သွင်းကုန် ကန်ဒေါ် လာ သုည ဒသမ ၉၃၈ သန်းကုန်သွယ်မှု ပမာဏ ၄ ဒသမ ၇၅၂ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ် ၂၀၁၄ ခုနှစ် ဧပြီလနဲ့နှိုင်းယှဉ်ပါက ပို့ကုန် ကန် ဒေါ်လာ သုည ဒသမ ၃၆၂ သန်း ၊ သွင်း ကုန်ကန်ဒေါ်လာ သုည ဒသမ ၆၄၆ သန်းပိုမိုခဲ့သဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၀၀၈ သန်းပိုမိုခဲ့ပါတယ်။ ကာလတူထက်ပိုမိုရခြင်းမှာ ပို့ကုန်အနေဖြင့် ကွမ်း သီး၊ စီးကရက်နဲ့ အမယ်စုံတို့တင်ပို့မှုပိုမိုခြင်းကြောင့်ဖြစ်ပြီး သွင်းကုန် အနေဖြင့် မော်တော်ဆိုင်ကယ်၊ စားတော်ပဲ၊ ပဲရာဇာ၊ တောင်လုံးကျော်၊ ပလတ်စတစ်ရေတိုင်ကီ၊ စပျစ် သီးခြောက်စတဲ့ပစ္စည်းများ ပိုမိုတင်သွင်း ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ တမူးနယ်စပ်ကုန်သွယ်ရေးအနေဖြင့် ၂၀၁၅ ခုနှစ် ဧပြီလအတွင်း ITC ကတ်နဲ့ ပို့ကုန် ကျပ်သန်းပေါင်း ၉၀ ကျော်နဲ့ သွင်းကုန်ကျပ်သန်းပေါင်း ၆၉ သန်းကျော်ဆောင်ရွက်ပြီး သွင်းကုန်ပစ္စည်းများအနေဖြင့် ချည်ခင်၊ ရွှေရည်စိမ် လက်ကောက်၊ ပလတ်စတစ်လက်ကောက်၊ ဖိနပ်မျိုးစုံ၊ ဓါတ်မီးတို့ကို ITC ကတ်နဲ့ ကုန်သွယ်မှုပြုနိုင်ခဲ့တယ်လို့ တမူးနယ်စပ်မှသိရပါတယ်။

ခင်မိုးသူ (MIRT)