ရခိုင်ပြည်နယ်ထွက် ငါးခြောက်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ် ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်တာသီတင်းပတ်အတွင်း ဒေါ်လာ ၈၉၈၁၉ တန်ဖိုးရှိ ငါးစုံလေးခြောက်ကီလို ၁၁၀၄၇၈ ၊ ငါးနီတူ ခြောက် ၃၀၀၀၀ ကီလိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ထက် ယခုသီတင်းပတ်မှာ ဒေါ်လာ ၂၀၄၀၄ ဖိုးပိုမိုတင်ပို့ခဲ့ပါတယ်။မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင် ပြည်နယ်ထွက် ငါးခြောက်မျိုးစုံ အဓိကတင်ပို့ နေရပြီး ငါးစုံ လေးခြောက်နဲ့ ငါးနီတူခြောက်များမှာ အများဆုံးတင်ပို့တဲ့ ပို့ကုန်များဖြစ်ကြောင်း ငါးခြောက်တင်ပို့သူတစ်ဦးထံမှသိရပါတယ်။ ငါးခြောက်က မိုးတွင်းမှာ တင်ပို့မှုနည်းပါးပြီး ပွင့်လင်း ရာသီတွင် တင်ပို့တဲ့ပမာဏ များပါတယ်။ အခုဆိုရင် သံတွဲ ၊ စစ်တွေဘက်ကငါးခြောက်တွေ တော်တော်များများ ဝင်လာ ပြီဖြစ်တယ်လို့ ကုန်သည်များထံမှ သိရပါတယ်။                      
မြင့်မြင့်မာ