မြဝတီကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန်ပိုမိုတင်ပို့

မြန်မာ- ထိုင်းနယ်စပ်ရှိ  မြဝတီ ကုန်သွယ်ရေးဇုန်၊ကော့သောင်း ကုန် သွယ်ရေးစခန်းနဲ့  မြိတ် ကုန်သွယ်ရေး စခန်းတို့မှ   မတ်လ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၁၃၅ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၂၀၈၃ တန်ကျော်   တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့    နှိုင်းယှဉ်ပါက ၂၁၃၂ တန်ကျော်  လျော့နည်း တင်ပို့ ခဲ့ပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်မှ   ကန် ဒေါ်လာ သုည ဒသမ ၁၃၄ သန်းတန်ဖိုး ရှိ  ရေထွက်ကုန်များဖြစ်တဲ့   ငါးမျိုးစုံ ၆၉ တန်နီးပါး၊  ကဏန်း ၃၁ တန်ကျော်၊ ပုစွန် နှစ်တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ကော့သောင်း     ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၄၃၇ သန်းတန်ဖိုးရှိ  ရေထွက်ကုန်များဖြစ်တဲ့  ငါးမျိုးစုံ ၄၁၂ တန်ကျော်၊  ပုစွန်ငါးတန် ကျော်၊ အခြားရေထွက်ပစ္စည်း ကိုးတန် ကျော်၊ ပင်လယ်ငါးရှဉ့် သုံးတန် ကျော်၊ ကင်းမွန်သုံးတန်ကျော်၊ ရေဘဝဲ တစ် တန်ကျော်နဲ့  ကဏန်း တစ်တန်ကျော် တင်ပို့ခဲ့ပါတယ်။  ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၁၀၆၃ တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။
မြိတ်ကုန်သွယ်ရေးစခန်းမှ  ကန် ဒေါ်လာ ၁ ဒသမ ၅၆၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၃၁၀ တန်ကျော်၊ ငါးမှုန့်တန် ၂၁၀၊  ရေငန်ပုစွန် ၁၉ တန်နီးပါး၊ ကဏန်းအသေး(အသေ)နှစ်တန်ကျော်၊ ကင်းမွန်တစ်တန်ကျော်နဲ့ သဲကဏန်း    တစ်တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့    နှိုင်းယှဉ်ပါက ၁၀၈၁ တန်နီးပါးလျော့နည်း တင်ပို့ခဲ့ပါ တယ်။

    ခင်မြနွယ်