၂၀၁၈ ခုနှစ်မှစတင်ကာ စီမံကိန်းနဲ့ဘတ်ဂျက်များရေးဆွဲရာမှာ အီလက်ထရွန်းနစ်စနစ်ကို အင်ဒိုနီးရှား ကျင့်သုံးမည်

၂၀၁၈ ခုနှစ်မှစ၍ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းလုပ်ငန်းများတွင်  အင်ဒိုနီးရှားအစိုးရ က အီလက်ထရွန်းနစ်စနစ်ကို အသုံးပြုတော့မှာဖြစ် ကြောင်း အမျိုးသားဖွံ့ဖြိုးရေးစီမံကိန်းဝန်ကြီး ဆော့ ဖရန်ဂျာလီ ရဲ့ ပြောကြား ချက်ကို ကိုးကားပြီး အန်တာ ရာနယူးစ်သတင်းမှာ ဖော်ပြပါတယ်။''၂၀၁၇ ခုနှစ်အတွက် အစိုးရရဲ့ရှေ့လုပ်ငန်းစဉ် မူကြမ်းကို ရေးဆွဲတဲ့အခါ  လုပ်ငန်းစဉ်တွေကို တိုး တက်ကောင်းမွန်အောင်ကျွန်တော်တို့ ဆောင်ရွက် သွား မှာ ဖြစ် ပါတယ်။ အီလက်ထရွန်းနစ်ကိုအသုံးပြု ဆောင်ရွက်တဲ့ e-budgeting နဲ့ e-planning  စနစ်ေ တွ ကို အသုံးပြုဖို့ အတွက် ဆောင်ရွက်ရာမှာ ဒီအဆင့်က ကနဦးအဆင့် ဖြစ်ပါတယ်''လို့   အမျိုးသားဖွံ့ဖြိုးရေး စီမံကိန်း
ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဝန်ကြီးဂျာလီ က မေ ၁၁ ရက်ကပြောပါတယ်။၂၀၁၆ ခုနှစ်   အမျိုးသားဖွံ့ဖြိုးရေးစီမံကိန်းအရ  အကောင်အထည်ဖော်   ဆောင်ရွက်မှုတွေကလည်း   အီလက်ထရွန်းနစ် အသုံးပြုရေးလုပ်ငန်းေ တွ   ပိုမိုထိ ရောက်အောင်   ဆောင်ရွက်ရာမှာအထောက်အကူ ဖြစ်စေကြောင်း သူကပြောပါတယ်။ အစိုးရရဲ့ ၂၀၁၈ ခုနှစ်ရှေ့လုပ်ငန်းစဉ်ကို ပြင်ဆင်တဲ့အခါ အနေအထား အကောင်းဆုံးဖြစ်ဖို့အတွက်   ဒေသဆိုင်ရာအစိုးရ အဆင့်ဆင့်မှာ ဆွေးနွေးသွားမှာဖြစ်ကြောင်းလည်း သူကပြောပါတယ်။အစိုးရက စီမံကိန်းစနစ်တွေဆောင်ရွက်တဲ့အခါ မှာ လုပ်ငန်းအလိုက် ငွေကြေးသုံးစွဲတဲ့စနစ်ကနေ ပရို ဂရမ်အစီအစဉ်ကိုအခြေခံပြီးငွေကြေးသုံးစွဲတဲ့စနစ် ကို ပြောင်းလဲသုံးစွဲမှာဖြစ်ကြောင်း  သူကပြောပါတယ်လုပ်ငန်းအလိုက်  ငွေကြေးသုံးစွဲတဲ့စနစ်ကို အသုံးပြု ဆောင်ရွက်တဲ့အခါ   အစီအစဉ်တွေ  တစ်ခုနဲ့တစ်ခု ရောထွေးမှုတွေရှိတတ်ကြောင်း သူကပြောပါတယ်။၂၀၁၇ ခုနှစ် အတွက် အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်တဲ့အခါ  အစီအစဉ်တွေကို အခြေခံတဲ့ ငွေကြေးသုံးစွဲတဲ့စနစ်ကို   သုံးစွဲမှာဖြစ် ကြောင်း ဝန်ကြီးကပြောပါ တယ်။ဒေသအသီးသီး မှာ အခြေခံအဆောက်အအုံ   ဖွံ့ဖြိုး တိုးတက်ရေးအထူး ရန်ပုံငွေများ     လျာထားဆောင်ရွက်မှာဖြစ်ကြောင်း လည်း သူကပြောပါတယ်။