ယူကေနှင့်လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံကပြောကြား

တရုတ်နိုင်ငံအနေဖြင့် ယူကေနှင့် ကုန်သွယ်မှုဆက်ဆံရေးဆက်လက် တိုးမြှင့်လိုသည့် ဆန္ဒရှိပြီး ယူကေမှဆန္ဒ ရှိပါက မိမိတို့အနေဖြင့်FTA  အတွက် ဆွေးနွေးမှုများပြုလုပ်ရန် အဆင်သင့်ရှိကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ကုန်သွယ်မှုနှင့်စီးပွားရေးရာဌာန ညွှန်ကြား ရေးမှူးချုပ်က ပြောကြားပါ သည်။ ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သည့် ယူကေသည် အီးယူမှ နုတ်ထွက်ပြီးပါက အခြားနိုင်ငံများနှင့်FTA  စာချုပ် ချုပ်ဆိုရန် မျှော်လင့်ကြောင်း၊ ယူကေနှင့်လွတ်လပ်သော ကုန်သွယ်မှု ဆိုင်ရာ သဘောတူစာချုပ်ကိုလာမည့် သုံးနှစ်မှငါးနှစ်အတွင်း  ချုပ်ဆိုနိုင်လိမ့် မည်ဟု ယူဆကြောင်းဆက်လက်ပြော ကြားပါသည်။ တရုတ်နိုင်ငံအနေဖြင့် အီးယူ အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် ဆွစ်ဇာလန်နှင့် ၂၀၁၄ ခုနှစ်၌FTA  လက်မှတ် ရေးထိုးခဲ့ပြီး နော်ဝေနှင့်လည်း နောက်ထပ် လွတ်လပ်သော ကုန်သွယ် မှုဆိုင် ရာဆွေးနွေးညှိနှိုင်းမှုများ ဆောင် ရွက်နေကြောင်းသိရှိရပါသည်။
၂၀၁၅ ခုနှစ်၌ တရုတ်နှင့်အီးယူ  နှစ်နိုင်ငံကုန်စည်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၅၆၄ ဒသမ ၈၅ ဘီလီယံရှိခဲ့ပြီး၊ ယူကေနှင့်အမေရိကန် ဒေါ်လာ ၇၈ ဒသမ ၅၄ဘီလီယံရှိခဲ့ပါ သည်။ အီးယူမှ ယူကေနုတ်ထွက်ခြင်း သည် တရုတ်နှင့်အီးယူကြား ညှိနှိုင်းဆဲ ဖြစ်သည့်FTA  နှင့်EU-China Investment Treaty ချုပ်ဆိုရန် အချိန် ကြာမြင့်သွားနိုင်ကြောင်း၊ တရုတ်နိုင်ငံက သုံးသပ်ထားပါသည်။ အဆိုပါ စာချုပ်များအရ အီးယူ၏ ကုမ္ပဏီများသည် တရုတ်ဈေးကွက်အတွင်း ဝင်ရောက်မှု လွယ်ကူစေရန် ညှိနှိုင်းဆဲဖြစ်ပြီး ၂၀၁၆ ခုနှစ်နှစ်ကုန်ခန့်တွင် သဘောတူ လက်မှတ်ရေးထိုးနိုင်မည်ဟု ခန့်မှန်းထား ခဲ့ပါသည်။        

         သန္တာခိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့