၂၀၁၆ ခုနှစ်မှာ ဖွံ့ ဖြိုးဆဲ အာရှစီးပွားရေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၅ ဒသမ ၆ ရာခိုင်နှုန်းနီးပါးရှိမည်ဟု အေဒီဘီခန့်မှန်း

အာရှပစိဖိတ်ဒေသရှိ  ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့  ၂၀၁၆ ခုနှစ်  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၅ ဒသမ ၆ ရာ ခိုင်နှုန်းရှိမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်  (အေဒီဘီ) က  ဇူလိုင် ၁၈ ရက်နေ့က ခန့်မှန်းပါတယ်။  ဒီခန့်မှန်းချက်က မူလ ခန့်မှန်းချက်ဖြစ်တဲ့  ၅ ဒသမ ၇ ရာခိုင် နှုန်းအောက်  လျှော့ချခန့်မှန်းတာ ဖြစ် ပါတယ်။  ဒါပေမယ့်  စီးပွားရေးစွမ်း  ဆောင်ရည်တွေက ဆက်လက်ခိုင်မာ နေဦးမှာဖြစ်ပြီး  အမေရိကန်စီးပွားရေး  ကျဆင်းမှုနဲ့  ဥရောပသမဂ္ဂ ( အီးယူ )မှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှုကြောင့် ဖြစ် ပေါ်လာမယ့် ရေတိုဂယက်ရိုက်မှုတွေကို  ကြံ့ကြံ့ခံနိုင်လိမ့်မယ်လို့  အေပီသတင်း မှာ ဖော်ပြပါတယ်။
၂၀၁၇ ခုနှစ်အတွက်  ခန့်မှန်း ချက်ကိုတော့ မတ်လအတွင်းက  ခန့် မှန်းခဲ့တဲ့ ၅ ဒသမ ၇ ရာခိုင်နှုန်း  အတိုင်း ရှိလိမ့်မယ်လို့ပဲ  ဆက်လက်ခန့်မှန်း ပါတယ်။''အီးယူမှ  ဗြိတိန်နိုင်ငံခွဲထွက်မှု    (ဘရက်ဇစ်)ဂယက်ကြောင့် ဖွံ့ဖြိုးဆဲ အာရှရှိ ငွေကြေးတွေနဲ့  စတော့ဈေးကွက် တွေကို ဂယက်ရိုက်ခတ်မှုရှိခဲ့ပေမယ့် စီးပွား ရေးတစ်ခုလုံးအပေါ်  ရေတို အကျိုးရောက်မှုကတော့ အနည်းငယ် သာ ရှိပါတယ်။ ဒါပေမယ့် အဓိက စက်မှု နိုင်ငံကြီးတွေမှာ စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာတွေ ကျဆင်းနေတဲ့ အတွက် ဒေသတွင်းစီးပွားရေး ဆက် လက်ဖွံ့ဖြိုးမှုရှိအောင် ဆောင်ရွက်ရာမှာ  ပြင်ပမှ ရိုက်ခတ်လာမယ့်  ဂယက်တွေ ကို ပြန်လည် တုံ့ပြန်နိုင်အောင်  အသင့် ပြင်ထားဖို့လိုပါတယ်'' လို့ အေဒီဘီရဲ့ စီးပွားရေး ပညာရှင်အကြီးအကဲ ရှန်ဂျင် ဝေက ပြောပါတယ်။
ကမ္ဘာပေါ်မှာ  ဒုတိယအကြီးမား ဆုံးစီးပွားရေးကို  ရရှိထားတဲ့ တရုတ် နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း က ၂၀၁၆ ခုနှစ်မှာ၆ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ၂၀၁၇ ခုနှစ်မှာ ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရည်မှန်း ချက်အောင်မြင်ဖို့အတွက် အစိုးရက ဘဏ္ဍာရေးနဲ့ ငွေကြေးလှုံ့ဆော်တွန်း အားပေး  အစီအစဉ်တွေ ဆောင်ရွက် ပေးမယ့်  လက္ခဏာတွေကို တွေ့မြင် နေရပါတယ်။  အရှေ့အာရှတစ်ခုလုံးကို ခြုံကြည့်မယ် ဆိုရင်  ဟောင်ကောင်နဲ့ တောင်ကိုရီးယားမှာ  ဖွံ့ဖြိုးမှုတွေတန့် နေပေမယ့်  စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက မူလ  ခန့်မှန်းချက်အတိုင်း ၂၀၁၆ ခုနှစ် မှာ ၅ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ၂၀၁၇ ခုနှစ် မှာ ၅ ဒသမ ၆ ရာခိုင်နှုန်းရှိမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒီနှစ်နဲ့ နောက်နှစ် စီး ပွာရေးဖွံ့ဖြိုးမှုကို တောင်အာရှဒေသက ဦးဆောင်လိမ့်မယ်လို့   ခန့်မှန်းထားပြီး အိန္ဒိယနိုင်ငံက  ဖွံ့ဖြိုးမှုနှုန်းကို  ရည်မှန်း ချက်အတိုင်း  ဆောင်ရွက်ကာ   ယခု နှစ်မှာ ၇ ဒသမ ၄ ရာခိုင်နှုန်းနဲ့  နောက် တစ်နှစ်မှာ ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိ မယ်လို့ခန့်မှန်းပါတယ်။
အရှေ့တောင်အာရှနိုင်ငံများရဲ့  ဖွံ့ဖြိုးမှုနှုန်းက မူလခန့်မှန်းချက်အတိုင်း ၂၀၁၆ ခုနှစ်မှာ ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၂၀၁၇ ခုနှစ်မှာ ၄ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ် လို့ ခန့်မှန်းထားပါတယ်။ ဗီယက် နမ်မှအပ ကျန်နိုင်ငံတွေမှာ ပုဂ္ဂလိက ကဏ္ဍမှစားသုံးမှု မြင့်တက်လာမှုကြောင့်  ယခုနှစ်ပထမနှစ်ဝက်မှာ  ဒေသခွဲ အတွင်းမှာရှိတဲ့  နိုင်ငံအများစုရဲ့  စီးပွား ရေးစွမ်းဆောင်ရည် မြင့်တက်စေခဲ့ တယ်လို့  ပြောပါတယ်။