မလေးရှား ဗဟိုဘဏ်က အိမ်ထောင်စု ကြွေးမြီကို သင့်တင့်တဲ့အဆင့်ထိ ထိန်းထားဖို့ အစီအမံများချမှတ်

ပြီးဆုံးခဲ့တဲ့နှစ် အနည်းငယ်အတွင်းချမှတ်ခဲ့တဲ့ အစီ အမံတွေက လက်ရှိအိမ်ထောင်စု ကြွေးမြီကိုသင့်တင့်တဲ့အထိ ထိန်းထားနိုင်အောင်  အထောက်အကူဖြစ်စေခဲ့တယ်လို့ မလေးရှားဗဟိုဘဏ် (BankNegara Malyasia) က ယုံကြည် ကြောင်း ဘာနားမားသတင်းမှာ ဖော်ပြပါတယ်။လောလောဆယ်မှာအိမ်ထောင်စုေ<ကးမြီက စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၈၉ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အာရှ ဒေသမှာ အမြင့်ဆုံးနိုင်ငံတွေမှာ ပါနေပါတယ်။ ဗဟိုဘဏ်က နေပုံမှန်အမြဲတမ်းစောင့်ကြည့်နေတဲ့ နယ်ပယ်တွေထဲမှာ အိမ်ထောင်စုကြွေးမြီ ကလည်း နယ်ပယ်တစ်ခုအဖြစ်ပါဝင်နေ      ကြောင်း မလေးရှားဗဟိုအုပ်ချုပ်ရေးမှူး ဒါတွတ်မိုဟာမက် အီဘရာဟင်ကပြောပါတယ်။
''အိမ်ထောင်စုကြွေးမြီ မြင့်မားနေတာကို ကြီးကြပ်ထိန်း သိမ်းတဲ့နည်းက မျိုးစုံရှိပါတယ်။ ကျွန်တော်တို့သုံးနေတဲ့  နည်းလမ်းတွေထဲကတစ်ခုကတော့  မက်ခရိုအဆင့် အစီ အမံတွေကို ပုံစံအမျိုးမျိုးနဲ့  ဆောင်ရွက်တာဖြစ်ပါတယ်။ အိမ်ထောင်စုကြွေးမြီနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘဏ်တွေက  သင့်တော်မယ်ထင်ရင် သင့်တော်တဲ့အခြေခံ မူတွေကို ချမှတ်ပြီးတော့ ဆောင်ရွက်သွားတာပါပဲ''လို့ သူကပြောပါတယ်။အိမ်ထောင်စုချေးငွေ  အခြေအနေ တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ဖို့ဆန္ဒရှိပေမယ့် အလုပ်အကိုင်ရရှိမှု နဲ့ ဝင်ငွေရရှိမှု အခြေအနေတိုးတက်အောင် ဆောင်ရွက်ဖို့ကို သာ ပိုမိုဆန္ဒရှိကြောင်းနဲ့ဒီလိုဆောင်ရွက်နိုင်မှသာ ပြည်သူ လူထုကြွယ်၀ ချမ်းသာ မှုနဲ့ ပျော်ရွှင်မှုကို ပေးနိုင်မှာဖြစ်ကြောင်း သူကပြောပါတယ်။