ရင်းနှီးမြှုပ်နှံသူများအား ပိုမိုဖိတ်ခေါ်နိုင်ရန်အတွက် လွတ်လပ်သော စီးပွားရေးဇုန်များဆိုင်ရာ မူဝါဒများကို တောင်ကိုရီးယားနိုင်ငံက ပြန်လည်သုံးသပ်မည်

စီးပွားရေး  လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသည့် အထူး ဧရိယာများသည် ပြည်တွင်းနှင့်နိုင်ငံခြားကုမ္ပဏီများကို လုံလောက်သည့် ဆွဲဆောင်မှုများ၊ မက်လုံးများရရှိမှု နည်းပါးနေသဖြင့် ရင်းနှီးမြှုပ်နှံသူများကို ပိုမို ဆွဲဆော င်နို င်ရန်အတွက် တောင်ကိုရီးယားအစိုးရအနေဖြင့်  ၎င်းင်း၏လွတ်လပ်သော စီးပွားရေးဇုန်များနှင့်ပတ်သက်သည့် မူဝါဒများကိုပြန် လည်သုံးသပ်၍ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်သွားမည်ဟု တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။လွတ်လပ်သော စီးပွားရေးဇုန်များသည် တောင်ကိုရီးယားနိုင်ငံ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်ကဏ္ဍမှပါဝင်လျက်ရှိသည်ဆိုသည်မှာ ငြင်းဆို၍ မရသော် လည်း မျှော်လင့် ထားသလောက် အောင်မြင်မှုမရရှိ သေးကြောင်းလည်း ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၂၀၀၃ ခုနှစ်ကတည်းက စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်သော စီးပွားရေး ဇုန် စုစုပေါင်း ရှစ်ခုကို သတ်မှတ်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အဆိုပါ လွတ်လပ်သော စီးပွားရေးဇုန် ရှစ်ခုတို့မှ အမေရိကန်ဒေါ်လာ  ၅ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သည်။
အစိုးရ အနေဖြင့်လည်း ကုမ္ပဏီများကို  မက်လုံးများပိုမိုပေးခြင်း နည်းလမ်းဖြင့် ဆွဲဆောင်ခြင်း၊ ကြိုးနီစနစ်ကို လျှော့ချခြင်းတို့ဖြင့် လွတ် လပ်သော စီးပွားရေး ဇုန်များကို နိုင်ငံ၏ဦးဆောင်စီးပွားရေး နယ်ပယ်များ ဖြစ်ပေါ် လာစေေ ရးအတွက် တွန်းအားပေးဆောင်ရွက်နိုင်ရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။တောင်ကိုရီးယား နိုင်ငံ၏   ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် လည်း တောင်ကိုရီးယားနိုင်ငံ ၏ စီးပွားရေးကို လွတ်လပ်သော စီးပွားရေး ဇုန်များမှတစ်ဆင့်  အထောက်အကူ ပြုနိုင်ရေးအတွက် အခြားသော အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်   လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။
ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့