Maharashtra ပြည်နယ်အစိုးရက ဝယ်ယူထားခဲ့သည့် ပဲစင်းငုံများ၏ ၉၅ ရာခိုင်နှုန်းမှာ ကြိတ်ခွဲနိုင်ခြင်းမရှိဘဲ အစိုးရအနေဖြင့် ရူပီးကုဋေ ၁၀၀၀ ခန့် အရှုံးနှင့်ရင်ဆိုင်နေရ

               ပီးခဲ့သည့်နှစ်သီးနှံရာသီ၌Maharashtra ပြည်နယ်အစိုးရ သည် ရူပီးကုဋေ ၃၀၀၀ ကျော်တန်ဖိုးရှိ ပဲစင်းငုံများကို ဝယ်ယူ ထားခဲ့ပြီး ယင်းပမာဏ၏ ၉၅ ရာခိုင်နှုန်းကျော်မှာ ယခုထိတိုင် ကြိတ်ခွဲပြုပြင်ရခြင်း မရှိသေးသည့် အတွက် ပြည်နယ်အစိုးရအနေဖြင့်  ရူပီး  ကုဋေ ၁၀၀၀ ဝန်းကျင်ခန့် အရှုံးပေါ်နိုင်သည်ဟု ပြည် နယ်ဈေးကွက်မြှင့်တင်ရေးဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရသည်။
ပြည်နယ်တာဝန်ရှိသူတစ်ဦး၏  ပြောကြားချက်အရ ဝယ်ယူထားသည့် ပဲစင်းငုံများမှာ သိုလှောင်ထားနိုင်သည့်ကာလ ကန့်သတ်ချက်ရှိသည့်အတွက် ပျက်စီးသွားသည့်ပဲများကို လွှင့်ပစ်ရမည်ဖြစ်ကြောင်း၊  ပြီးခဲ့သည့်နှစ်က နိုင်ငံအတွင်း ပဲစင်းငုံအမြောက်အမြားထွက်ရှိခဲ့သောကြောင့် ၂၀၁၆ ခုနှစ် ဒီဇင် ဘာလမှ ၂၀၁၇ ခုနှစ် ဇွန်လအတွင်း ပဲစင်းငုံကွင်တယ် ၆၇ ဒသမ ၃၄ သိန်းဝန်းကျင်ခန့်ကို ပြည်နယ်အစိုးရက ဝယ်ယူခဲ့ကြောင်း၊ အဆိုပါပဲများအား  ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရန်နှင့်တာရှည်အထားခံရန်အတွက် ကြိတ်ခွဲပြုပြင်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဝယ်ယူထားသည့်ပဲများ၏ ၉၅ ရာခိုင်နှုန်း ကျော်အား ကြိတ်ခွဲမှုမပြုရသေးကြောင်း၊ ပဲစင်းငုံများမှာ ခြောက်လမှတစ်နှစ် အတွင်းသာ သိုလှောင်ထားနိုင်ရာ အချို့ မှာအညှောင့်ပေါက်လာ သဖြင့် လွှင့်ပစ်ရမည့်အခြေအနေဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာ နှစ်ကုန်တွင် Maharashtra State Marketing Federation (MSMF) ၏အထွေထွေမန်နေဂျာအား ပဲခွဲစက်ကုမ္ပဏီတစ်ခု အား မျက်နှာသာပေးမှုပြုလုပ်သည်ဟုစွပ်စွဲချက်ဖြင့် အလုပ်မှ ရပ်ဆိုင်းခဲ့သော်လည်း ၎င်းင်းကုမ္ပဏီကိုမူ အရေးယူထားခြင်းမရှိ သေးကြောင်း သိရှိရသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့