ပြည်တွင်း ငွေလဲနှုန်း ၁၃၀ဝကျော် ဝန်းကျင်တွင်သာရှိနေ

လက်ရှိ ပြည်တွင်း ငွေလဲနှုန်းမှာ ၁၃၀ဝ ကျော် ဝန်းကျင်တွင်သာ ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယခုလအတွင်း ဒေါ်လာ ဝယ်ယူမှု ခုနစ်ကြိမ် အထိ ပြုလုပ်ပြီးဖြစ်သော်လည်း  ဒေါ်လာဈေးမှာ ပြန်လည် မြင့်တက်လာခြင်းမရှိ သေးဘဲ ကျပ် ၁၃၀ဝ ကျော်ဝန်းကျင်တွင်သာ ဈေးငြိမ်နေခြင်းဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ဇူလိုင် ၁ ရက်တွင် ၁၃၆၈ ဒသမ ၇ ကျပ်နှုန်းဖြင့် ဒေါ်လာ ၃ ဒသမ ၈ သန်း၊ ဇူလိုင် ၂ ရက်တွင် ၁၃၆၃ ဒသမ ၅ ကျပ်နှုန်းဖြင့် ဒေါ်လာ ၇ ဒသမ ၇ သန်း၊ ဇူလိုင် ၇ ရက်တွင် ၁၃၆၉ ဒသမ ၆ ကျပ်နှုန်းဖြင့် ဒေါ်လာ ၃ ဒသမ ၈ သန်း၊ ဇူလိုင် ၈ ရက်တွင် ၁၃၆၇ ဒသမ ၅ ကျပ်နှုန်းဖြင့်  ဒေါ်လာ ၃ ဒသမ ၈ သန်း၊ ဇူလိုင် ၉ ရက်တွင် ၁၃၆၆ ဒသမ ၅ ကျပ်နှုန်းဖြင့် ဒေါ်လာ ၁ သန်း၊ ဇူလိုင် ၁၃ ရက်တွင်၁၃၆၉ ဒသမ ၅ ကျပ်နှုန်းဖြင့် ဒေါ်လာ ၁ သန်း၊ ဇူလိုင် ၁၄ ရက်တွင် ၁၃၇၀ ဒသမ ဝ ကျပ် နှုန်းဖြင့် ခုနစ်သိန်း ဝယ်ယူခဲ့ပြီး ဖြစ်သည်။
လက်ရှိ ပြည်တွင်းငွေလဲနှုန်းမှာ ဇူလိုင် ၁၄ ရက်က အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ကျပ် ၁၃၇၇၊ ဝယ်ဈေး ကျပ် ၁၃၇၄ ရှိပြီး ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့ တွင် အမေရိကန်တစ်ဒေါ်လာရောင်းဈေး ကျပ် ၁၃၈၀၊ ဝယ်ဈေး ကျပ် ၁၃၇၈ ရှိ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။                                                       
 ပန်းဆု