ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက ကုန်စည်ဆိုင်ရာကောင်စီ၏ လုပ်ငန်းတာဝန်များနှင့် အဖွဲ့၏ ပြုပြင်ပြောင်းလဲ‌မှုများ တိုးတက်စေရန် ဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးခဲ့ကြ

ဧပြီလ ၃၀ ရက်မှ မေလ ၁ ရက်နေ့အထိ ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်စည်ဆိုင်ရာ ကောင်စီအစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများက ကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် အဖွဲ့၏ပြုပြင်ပြောင်းလဲမှုအတွက် တိုးတက် မှုများကို ဆွေးနွေးခဲ့ကြပါသည်။ အဖွဲ့ဝင်နိုင်ငံများသည် သိသိသာသာများပြားလာသည့် ကုန်သွယ်မှုပြဿနာများကို ကိုင်တွယ် ဖြေရှင်းခဲ့ရပြီး ၂၀၂၄-၂၀၂၅ ကာလအတွက် ကောင်စီ၏ဥက္ကဋ္ဌအဖြစ် နယူးဇီလန်နိုင်ငံသံအမတ်ကြီး Clare Kelly အား ရွေးချယ် ခဲ့ကြပါသည်။

ကုန်စည်ဆိုင်ရာကောင်စီသည် ၂၀၂၃ ခုနှစ်အတွင်း အလွတ်သဘောညှိနှိုင်းမှုများကို တရားဝင် အစည်းအဝေးများနှင့်အပြိုင် ကျင်းပခဲ့ပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ဒီဂျစ်တယ်နည်းလမ်းများဆိုင်ရာအလွတ်သဘောအစည်းအဝေးတွင် ကမ္ဘာ့ကုန် သွယ်ရေး အဖွဲ့ဝင်နိုင်ငံအားလုံး အသုံးပြုနိုင်သည့် ဒီဂျစ်တယ်နည်းလမ်းများဖြစ်သော ကုန်စည်ကောင်စီဆိုင်ရာ အချက်အ လက်များ ဖော်ပြထားသည့် webpage၊ website မှတဆင့် သိရှိနိုင်သော အစည်းအဝေးအချိန်ဇယား၊ အီလက်ထရောနစ်နည်း လမ်းဖြင့် မှတ်ပုံတင်ခြင်းနှင့် သင်တန်းများတက်ရောက်ခြင်းအပါအဝင် အွန်လိုင်းမှတဆင့် စာရွက်စာတမ်းများရယူခြင်း၊ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များအတွက် မကြာသေးခင်က မိတ်ဆက်ခဲ့သည့် e-Delegate System တို့ကို အတွင်းရေးမှူးအဖွဲ့က ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။ 

ဒုတိယအကြိမ် အလွတ်သဘောအစည်းအဝေးတွင် ကုန်စည်ဆိုင်ရာကောင်စီ၏ အဖွဲ့ခွဲငယ် (၁၄) ခုတွင် အသုံးပြုနေသည့် ကော်မတီအလိုက် ဒီဂျစ်တယ်နည်းလမ်းများ (ဥပမာ- ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်နှင့်စပ်လျဉ်းသည့် အချက်အလက်များ - Trade Facilitation Database၊ ကုန်သွယ်မှုအပေါ် ကုစားမှုဆိုင်ရာ အချက်အလက်များ - Trade Remedies Database၊ စျေးကွက် ဝင်ရောက်မှုအပေါ် အရေအတွက် ကန့်သတ်ချက်များဆိုင်ရာ အချက်အလက်များ - Market Access Quantative Restriction Database) ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

တတိယအကြိမ် အလွတ်သဘောအစည်းအဝေးတွင် e-agenda တွင်ပါဝင်သည့် ကော်မတီအလိုက် ကျင့်သုံးနေသည့် ဒီဂျစ်တယ် နည်းလမ်းများ၊ သွင်းကုန်ဆိုင်ရာ အကြောင်းကြားမှုများဖော်ပြသည် Portal ၊ ကုန်သွယ်မှုပြသနာများဆိုင်ရာ အချက်အလက် များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

ကုန်စည်ဆိုင်ရာကောင်စီ ဥက္ကဋ္ဌအဟောင်းဖြစ်သည့် နိုင်ဂျီးရီးယားသံအမတ်ကြီး Adamu Mohammed Abdulhamid ကအလွတ် သဘောအစည်းအဝေးများမှတဆင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဒီဂျစ်တယ်နည်းလမ်းများကိုသိရှိရပြီး  ကိုယ်စားလှယ်အဖွဲ့များ အနေဖြင့်  ကော်မတီအစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်နိုင်သဖြင့် အကျိုးရှိကြောင်း တင်ပြခဲ့ပါသည်။ 

အတွင်းရေးမှူးအဖွဲ့ကလည်း ကုန်စည်ကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်စေရန်အတွက် ဆွေးနွေးမှုများ၊ ဆောင်ရွက်ချက်များကို အကျဉ်းချုပ် အစီရင်ခံစာ တင်ပြခဲ့ပါသည်။ တက်ရောက်လာသော ကိုယ်စားလှယ်အဖွဲ့ဝင်များက ကုန်စည်ဆိုင်ရာကောင်စီနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များ တိုးတက်ကောင်းမွန်လာစေရန် ကြိုးစားအားထုတ်မှုကို ချီးမွမ်းကြပြီး အခြားကောင်စီနှင့်ကော်မတီများကလည်း လိုက်ပါဆောင်ရွက်နိုင်သည့် နမူနာကောင်းဖြစ် ကြောင်း  ဆွေးနွေးခဲ့ကြပါသည်။ 

ကုန်သွယ်မှုဆိုင်ရာ ပြဿနာများ

ကုန်စည်ဆိုင်ရာကောင်စီအနေဖြင့် အကောက်ခွန်မဟုတ်သော အတားအဆီးများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ ၊ ပို့ကုန်/ သွင်းကုန်ဆိုင်ရာ ကန့်သတ်ချက်များ၊ နိုင်ငံတော်လုံခြုံရေး၊ ဟာလာလ်ထောက်ခံချက်၊ အစိုးရမှထောက်ပံ့မှုများနှင့် စုံစမ်းစစ်ဆေး မှုများ၊ အပင်၊ တိရိစ္ဆာန်နှင့်လူ ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ခွဲခြားထားသော ပြည်တွင်းအခွန်ကိစ္စများ၊ အုပ်ချုပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်မှုအနှောင့်အယှက်ဖြစ်စေသော တားမြစ်မှုများ အပါအဝင် ကုန်သွယ်မှုပြဿနာ ပေါင်း ၃၇ ခုကို ပြန်လည်သုံးသပ်ခဲ့ပါသည်။

အဆိုပါ ပြဿနာများသည် စိုက်ပျိုးရေး၊ သတင်းအချက်အလက်နည်းပညာ၊ သစ်တောထွက်နှင့် စားသောက်ကုန်ပစ္စည်းများ အပြင် လျှပ်စစ်ကားများ၊ လျှပ်စစ်ဘက်ထရီများ၊ အရက်များ၊ လေအေးပေးစက်၊ ပန်းသီးနှင့်သစ်တော်သီးများ၊ ဒိန်ခဲ၊ ပဲမျိုးစုံ၊ အလှကုန်နှင့် တာယာများနှင့် သက်ဆိုင်ပါသည်။ 

အခြားကိစ္စရပ်များ

အစည်းအဝေးတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအုပ်စုက အစိုးရမှအထောက်အပံ့ပေးခြင်းနှင့် တန်ပြန်အကောက်ခွန် ကောက်ခံ ရေးဆိုင်ရာ သဘောတူညီချက်တွင်ပါရှိသည့် ခြွင်းချက်များကို ဖွံ့ဖြိုးမှုအနည်းဆုံးအဆင့်မှ လွတ်မြောက်သွားသောနိုင်ငံများ ကိုလည်း ခံစားခွင့်ပေးရန် ထပ်မံတောင်းဆိုခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံအချို့က (၁၃) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံတွင်ဖွံ့ဖြိုးမှုအနည်းဆုံး အဆင့်မှ လွတ်မြောက်မည့်နိုင်ငံများအတွက် ချောမွေ့သောအကူးအပြောင်းဖြစ်စေရေး ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသော်လည်း အဖွဲ့ဝင်အချို့က ခြွင်းချက်ပေးရမည့်ကိစ္စများကို ပြန်လည်သုံးသပ်ရန်၊မျှတမှုရှိစေရန် ဆွေးနွေးခဲ့ကာဖွံ့ဖြိုးပြီးနိုင်ငံများက ကမ္ဘာ့ ကုန်သွယ်ရေးစနစ်တွင် ဖွံ့ဖြိူးမှုအနည်းဆုံးနိုင်ငံများ အပြည့်အ၀ပါဝင်နိုင်ရေးမျှော်လင့်ပါကြောင်းနှင့် အထောက်အပံ့ပေးမှု ဆိုင်ရာကော်မတီတွင် ဘာသာရပ်ဆိုင်ရာအဖွဲ့နှင့် အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးရန် တင်ပြခဲ့ကြ ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပါသည်။

Source:https://www.wto.org

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန