ရုရှားနှင့် ယူကရိန်း ပဲပုပ်စိုက်ပျိုးမှုကဏ္ဍများ တိုးချဲ့လာ

 

လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ၏ ကမ္ဘာ့ဘေး အန္တရာယ်များဆိုင်ရာ အစီရင်ခံစာအရ ငွေကြေးဖောင်းပွမှုသည် ၂၀၂၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်လာနိုင်ကြောင်း၊ ပြင်းထန်သောရာသီဥတုဖြစ်ရပ်များဖြစ်သည့် ရေလွှမ်းမိုးမှု၊ အပူလှိုင်းများနှင့် လေထုညစ်ညမ်းမှုသည် တောင်အာရှနိုင်ငံများ၏ စီးပွားရေးအတွက် သိသာထင်ရှားသော အန္တရာယ်ဖြစ်လာနိုင်ကြောင်းကို ဖော်ပြထားပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လေထုညစ်ညမ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် (၁၀) နိုင်ငံအနက်မှ (၁) နိုင်ငံဖြစ်ပြီး ထိပ်ဆုံး (၃) နိုင်ငံမှ (၁) နိုင်ငံဖြစ်ကြောင်း၊ လူဦးရေ ထူထပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများတွင် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရေးကြီးဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ အစိမ်းရောင် အသွင်ကူးပြောင်းမှု လိုအပ်ကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အလုပ်လက်မဲ့ လူဦးရေများပြားလာခြင်းနှင့် စီးပွားရေးကျဆင်းလာခြင်းတို့က လက်ကျန်စိန်ခေါ်မှုနှစ်ရပ်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှင့်အတူ ငွေကြေးတန်ဖိုးကျဆင်းလာခြင်း၊ နိုင်ငံခြားငွေ စီးဆင်းမှုကျဆင်းလာခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်းကိုလည်း WEF ၏ နောက်ဆုံးအစီရင်ခံစာတွင် တွေ့ရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်၌ နှစ်စဉ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုမှာ ၇.၇ ရာခိုင်နှုန်းဖြစ်ပြီး ၁၂ လကြာ ပျမ်းမျှငွေကြေးဖောင်းပွမှုသည် ယခင်နှစ်များက ၉.၄၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၁၀.၃၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စာရင်းအင်းဗျူရို (BBS) အရ သိရှိရပါ သည်။

ကမ္ဘာ့ဘေးအန္တရာယ်များဆိုင်ရာ အစီရင်ခံစာ (၂၀၂၅) သည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို ခြိမ်းခြောက်လျက်ရှိသည့် ကမ္ဘာ့အခင်းအကျင်းကို မီးမောင်းထိုးပြလျက်ရှိကြောင်း တွေ့ရှိရပါသည်။

ရင်းမြစ်။ asianews.network