အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် နှင်းမုန်တိုင်းများတိုက်ခတ်

   အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်း ဒေသများဖြစ်သည့် နယူးယောက်စီးတီး၊ ဘော့စတွန်၊ ဖီလ်ဒါဒယ်လ်ဖီးယားနှင့် အခြားသောအဓိကမြို့ကြီးများတွင် နှင်းမုန်တိုင်းများ တိုက် ခတ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

   နှင်းမုန်တိုင်းသည် ဇန်နဝါရီလ ၂၇ ရက်နေ့ကတည်းက တိုက်ခတ်လျက်ရှိ ရာ ယနေ့အထိ တိုက်ခတ်နေဆဲဖြစ်ကြောင်းသိရသည်။

   အမေရိကန်နိုင်ငံ မိုးလေဝသဌာနက ဘော့စတွန်နှင့် မန်ဆာချူးဆက် ပြည်နယ်တို့တွင် နှင်းမုန်တိုင်းများဆက်လက်တိုက်ခတ်နေဦးမည်ဖြစ်ပြီး နှင်းမုန်တိုင်းများကြောင့် လမ်းမ များပေါ်တွင် နှင်းထုမှာ ၅၀ စင်တီမီတာအထိရောက်ရှိလာနိုင်ကြောင်းဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

  အမေရိကန်နိုင်ငံမိုးလေဝသပညာရှင်များက ယခုနှစ်သည် အမေရိကန်နိုင်ငံအတွက် နှင်းမုန်တိုင်းကျရောက်နိုင်သည့် ရာသီတစ်ခုဖြစ်သည်ဟုခေါ်ဆိုရမည်ဖြစ်ကြောင်း၊ ၎င်းတို့ ခန့်မှန်းထားသည်ထက် နှင်းမုန်တိုင်းကျရောက်မှုမှာ ပိုမိုဆိုးရွားခဲ့သည်ကို ဝန်ခံရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

   နယူးယောက်မြို့တွင် နှင်းထုသည် ၉၁ ဒသမ ၄၄စင်တီမီတာအထိရှိခဲ့ ကြောင်း၊ ယင်းကဲ့သို့နှင်းများထူထပ်စွာ ကျဆင်းခဲ့မှုကြောင်း ကျောင်းများပိတ်ထားခဲ့ရပြီး လေယာဉ် ခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။

  ထိုကဲ့သို့နှင်းမုန်တိုင်းများတိုက်ခတ်နေစဉ်အတွင်း ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်လာမှုနှင့်လည်း ရင်ဆိုင်နေရကြောင်းဖြင့် ဒေသဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့ သည်။

   မာရှ်ဖီးလ်နှင့် မန်ဆာချူးဆက်ပြည်နယ်တို့တွင် ပင်လယ်ဒီရေသည် ၅၀ ကီလိုမီတာခန့်အထိ တက်လာခဲ့သဖြင့်  ပင်လယ်ကမ်းခြေဒေသများတွင် နေထိုင်ကြသည့် ပြည်သူ များအား သတိပြု၍နေထိုင်ကြရန်နှင့်နောက်ထပ် ဒီလှိုင်းများလည်း ဖြစ်ပေါ်လာနိုင်သေးကြောင်းသတိပေးပြောကြားခဲ့သည်။

မယ်သီတာ