ငါးများတင်သွင်းမှုပိတ်ပင်ထားခြင်းနှင့်ပတ်သက်၍ သီရိလင်္ကာနိုင်ငံသို့သွားရောက်မည့် အီးယူမှ ကျွမ်းကျင်သူများ

   သီရိလင်္ကာနိုင်ငံမှ ငါးများတင်သွင်းမှုအပေါ် အီးယူ၏ ပိတ်ပင်ထားမှုအားဖယ်ရှားနိုင်ရေး ရည်ရွယ်လျက် အီးယူ၏ အကြံပြုချက်များအား သီရိလင်္ကာအစိုးရ၏ အကောင် အထည် ဖော်ဆောင်ရွက်မှုများကို အကဲဖြတ်ရန် အီးယူမှ ကျွမ်းကျင်သူများသည် သီရိလင်္ကာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းသိရှိရပါသည်။

    အီးယူသည် သီရိလင်္ကာနိုင်ငံမှ ငါးများတင်သွင်းမှုအပေါ် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ လအတွင်းကပိတ်ပင်ခဲ့ပါသည်။ ထိုသို့ အီးယူ၏ပိတ်ပင်မှုကြောင့် သီရိလင်္ကာနိုင်ငံ သည် အမေရိကန်ဒေါ်လာသန်း ၂၀၀ ခန့် နစ်နာဆုံးရှုံးနိုင်ကြောင်း ခန့်မှန်းထားပါသည်။

    သီရိလင်္ကာနိုင်ငံသည် အီးယူသို့ ငါးများတင်ပို့လျက်ရှိသည့် အဓိကနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အီးယူသို့တင်ပို့ခဲ့သည့် ငါးမျိုးစုံတန်ချိန်စုစုပေါင်း မှာ ၇၄၀၀ ခန့်ရှိပြီး တန်ဖိုးအားဖြင့် ယူရို ၇၄ သန်းခန့်ရှိခဲ့ပါသည်။ အဓိကတင်ပို့ခဲ့သည့် ငါးအမျိုးအစားများမှာ ဓားရှည်နှုတ်သီးငါး (Swordfish)၊ ငါးမည်းလုံး (Tuna) နှင့် ငါးမည်း လုံးမျိုးဝင်ငါးများစသည့် တန်ဖိုးမြင့်ငါးထွက်ကုန်များဖြစ်ကြပါသည်။