ဘတ်ငွေတန်ဖိုးတည်ငြိမ်စေရေးတောင်းဆိုလျက်ရှိသော ထိုင်းပြည်ပတင်ပို့သူများ

   ဥရောပဗဟိုဘဏ် (European Central Bank) ၏ ဥရောပစီးပွားရေးလှုံ့ဆော်ရေးအစီအစဉ်သည် ဘတ်ငွေတန်ဖိုးကို ပိုမိုခိုင်မာစေပြီး ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုကို ဆိုးရွား စွာထိခိုက်စေလိမ့်မည်ဟု စီးပွားရေးကိုဦးဆောင်နေသူများမှ စိုးရိမ်လျက်ရှိကြပါသည်။ ထိုင်းနိုင်ငံဗဟိုဘဏ်အား ထိုင်းဘတ်တန်ဖိုးကို တည်ငြိမ်စေရေးစတင်ဆောင်ရွက် ရန် တောင်းဆိုခဲ့ကြပါသည်။ ဘတ်ငွေတန်ဖိုးမတည်ငြိမ်မှု လျော့နည်းသွားမှသာလျှင် ပြည်ပတင်ပို့သူများအတွက် ယှဉ်ပြိုင်နိုင်မှုစွမ်းအား သို့မဟုတ် ယှဉ်ပြိုင်မှုအတွက် အားသာ ချက်ရှိစေမည်ဖြစ်ပါသည်။

   ပြည်ပတင်ပို့သူများအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေသော ဘတ်ငွေတန်ဖိုးအားကောင်းလာခြင်းနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိကြပါသည်။ ဘတ်ငွေ တန်ဖိုးအပြောင်းအလဲများဖြစ်ပေါ်လျက်ရှိနေပါသည်။ ဘတ်ငွေတန်ဖိုးမြင့်တက်ခြင်းသည် ပြည်ပတင်ပို့မှုကဏ္ဍကို ထိခိုက်စေခဲ့ပြီးဖြစ်ကြောင်း Joint Committee on Commerce, Industry and Banking (JCCIB) ၏ အစည်းအဝေး၌ ထိုင်းကုန်သည်ကြီးများအသင်းဥက္ကဌ Mr. Isara က ပြောကြားခဲ့ပါသည်။

   ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုသည် ၂၀၁၄ ခုနှစ်၌ ဝ.၄၁% ကျဆင်း၍ အမေရိကန်ဒေါ်လာ ၂၂၈ ဘီလီယံရှိခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၌လည်း ဝ.၃ ကျဆင်းခဲ့ရာ ထိုင်းနိုင်ငံ ၏ ပြည်ပတင်ပို့မှုသည် နှစ်နှစ်ဆက်တိုက်ကျဆင်းခဲ့ပြီဖြစ်ပါသည်။

   ဥရောပ၏ စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်များအပြင် ရုရှားခရီးသွားဧည့်သည်များလျော့နည်းသွားခြင်း၊ ထိုင်းပြည်ပတင်ပို့သူများအတွက် အီးယူ၏ GSP အခွင့်အရေးပြီးဆုံး သွားခြင်းတို့သည်လည်း ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုကိုထိခိုက်စေသောစွန့်စားရမှုများဖြစ်ပါသည်။ လုပ်ငန်းရှင်များအနေဖြင့် ထိုင်းနိုင်ငံဗဟိုဘဏ်အား စီးပွားရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် မဟာဗျူဟာရေးဆွဲစေလိုကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘန်ကောက်မြို့