ရေနံဈေးကျ၍ ဇန်နဝါရီလ ပို့ကုန် ကျဆင်းလာကာ ဒေါ်လာ ၄၅ ဒသမ ၄ ဘီလီယံသာရှိ

   ကမ္ဘာ့ရေနံဈေးနှုန်းများကျဆင်းခြင်းကြောင့် ကိုရီးယား၏ ရေနံဓာတုထုတ်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုကျဆင်းသွားခဲ့၍ ဇန်နဝါရီလအတွင်း ပြည်ပပို့ကုန်ပမာဏကျဆင်းခဲ့ သည်။ ဇန်နဝါရီလအတွင်း ပြည်ပပို့ကုန်တန်ဖိုး သည် ဒေါ်လာ ၄၅ ဒသမ ၃၇ ဘီလီယံသာရှိ၍ ယခင်လကထက် သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ ရေနံဓာတု ထုတ်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုကို ဖယ်ထုတ်ထားပါက အခြားကုန်ပစ္စည်း များ ပြည်ပတင်ပို့မှုသည် ၆ ဒသမ ၆ ရာခိုင်နှုန်းတက်လာကြောင်းသိရသည်။

   အမှန်တစ်ကယ်မှာ ရေနံနှင့်ရေနံဓာတုထုတ်ကုန်များ ပြည်ပတင်ပို့မှုပမာဏသည် ၁၃ ဒသမ ၂ ရာခိုင် နှုန်းနှင့် ၄ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးတက်လာခဲ့သော်လည်း ရေ နံဈေးနှုန်း တောက်လျှောက်ကျဆင်းခဲ့သဖြင့် ကုန်ပစ္စည်းတန်ဖိုးများမှာမူ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ (-၃၈ ဒသမ ၅ ရာခိုင်နှုန်း) နှင့် ဒေါ်လာ ၈၀၀ မီလီယံ (-၁၉ ဒသမ ၈ ရာခိုင်နှုန်း) အသီးသီးကျဆင်းခဲ့သည်။ ကျန်ကုန်ပစ္စည်းများ ဖြစ်သည့် ရေယာဉ်နှင့်ပတ်သက်သည့် ကုန်ပစ္စည်းများ (၆၂ ဒသမ ၅ ရာခိုင်နှုန်း)၊ ကွန်ပျူတာများ (၁၅ ဒသမ ၂ ရာခိုင်နှုန်း)၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (၁၃ ဒသမ ၇ ရာခိုင်နှုန်း)၊ အထွေထွေစက်မှုကုန်များ (၆ ဒသမ ၉ ရာခိုင်နှုန်း) တို့အသီးသီးတိုးတက်တင် ပို့နိုင်ခဲ့သည်။ စမတ်ဖုန်းများ တင်ပို့နိုင်မှုသည် Apple Inc. နှင့် တရုတ်ပြိုင်ဘက်များ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့၍ ယခင် လထက်စာလျှင် ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သံမဏိ ပစ္စည်းများသည် (-၂ ဒသမ ၄ ရာခိုင် နှုန်း)၊ မော်တော်ကားပစ္စည်းများ (-၄ ဒသမ ၁ ရာခိုင် နှုန်း) တို့အသီးသီးကျဆင်းခဲ့သည်။ ဒေသအလိုက်ကြည့်လျှင် ရုရှားတွင် စီးပွားရေးပြဿ     နာများရှိ၍ရုရှားနှင့် အီးယူတို့သို့ တင်ပို့နိုင်မှုကျဆင်းခဲ့ကြောင်းသိရသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဆိုးလ်မြို့