နယူးဇီလန်နိုင်ငံ တောင်ပိုင်းဒေသများတွင် မိုးခေါင်မှုများဖြစ်ပေါ်

    နယူးဇီလန်နိုင်ငံတောင်ပိုင်း ကျွန်းစုဒေသများရှိ  အရှေ့ဘက်ကမ်းခြေဒေသများတွင် မိုးခေါင်ခြောက်သွေ့မှုများဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

   ယင်းကဲ့သို့ မိုးခေါင်မှုများကြောင့် နို့နှင့် နို့ထွက်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများနှင့် သားသတ်လုပ်ငန်းများမြင့်တက်လာနိုင်သဖြင့် လယ်သမားများအား အခွန်သက်သာ ခွင့်နှင့် ငွေကြေးအကူအညီများပေးရန်တာဝန်ရှိသူများက စီစဉ်လျက်ရှိကြောင်း ရိုက်တာသတင်းဌာနက  ရေးသားဖော်ပြခဲ့သည်။

  အဓိက မိုးခေါင်သည့်ဒေသများမှာ နို့နှင့်နို့ထွက်ပစ္စည်းများထုတ်လုပ်သည့် ဒေသများဖြစ်ကြောင်း၊ ထို့ပြင် ကျေးလက်ဒေသများတွင်လည်း မိုးခေါင်ရေရှားမှုမှာ လျင်မြန် စွာဖြစ်ပေါ်လျက်ရှိကြောင်းဖြင့်  အဆိုပါသတင်းတွင် ဖော်ပြထားသည်။

   နယူးဇီလန်နိုင်ငံ အခြေခံစက်မှုလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးနာသန်ဂေးက မိုးခေါင်မှုသည်တစ်နေ့တခြားပိုမိုဆိုးရွားလာနိုင်ကြောင်း၊ လယ်သမားအများစုသည် ရိတ်သိမ်းထား ပြီးသော သီးနှံများကို  စားသုံးရန်အတွက်သာ သိုလှောင်ထားကြပြီး အပိုအလျှံမရှိကြကြောင်းဖြင့် ပြောကြားခဲ့သည်။

   ထို့ပြင် နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများကို  လုပ်ကိုင်ကြသည့် လယ်သမားများသည် ၂၀၁၃ ခုနှစ်ကထက် မိုးခေါင်မှုဒဏ်ကို ပိုမိုဆိုးရွားစွာခံစားနေကြရကြောင်းဖြင့် စက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

   မိုးခေါင်မှုကြောင့်  နို့ခဲတစ်ကီလိုဂရမ်လျှင် နယူးဇီလန်ဒေါ်လာ ၄ ဒသမ ၇၀ (အမေရိကန်ဒေါ်လာ ၃ ဒသမ၄၅) သာရှိခဲ့ရာ ၂၀၀၈  ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ် ခဲ့ကြောင်းသိရသည်။ ယင်းကဲ့သို့ ဈေးနှုန်းများကျဆင်းမှုကြောင့် နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူများသည် ၎င်းတို့မွေးမြူထားသည့် နွား၊ သိုးများအားသားသတ်ရုံများသို့ပို့လျက် ရှိသည်ဟု ဂေးက ပြောကြားခဲ့သည်။

    မိုးခေါင်ခြောက်သွေ့မှုသည် Hemisphere တောင်ပိုင်းသို့ပါ လျင်မြန်စွာပျံ့နှံ့လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။

မယ်သီတာ