ကျေးလက်နဲ့ လယ်ယာလုပ်ငန်းစီမံကိန်းတွေကို ပိုမိုထောက်ပံ့ဖို့ ဗီယက်နမ်စီးပွားရေးလုပ်ငန်းတွေကိုတောင်းဆို

   စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနအနေဖြင့် ဟနွိုင်းမှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးနဲ့  ကျေးလက်ဒေသတွေမှာ   ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆောင်ရွက်စေလိုတဲ့ ဆန္ဒရှိကြောင်း ဟနွိုင်းမြို့မှာ ဖေဖော်ဝါရီ ၆ ရက်ကကျင်းပတဲ့   ဆွေးနွေးပွဲကို  တက်ရောက်လာသူတို့အား စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ငုယင်ဗန်ဟဂူးရဲ့ပြောစကားကို  ကိုးကားပြီး ဗီယက်နမ်သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

  ဗီယက်နမ်နိုင်ငံက ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ရက်တွင် အမိန့်ကြော်ငြာစာတစ်ခုကိုထုတ်ပြန်ခဲ့ပြီး ဒီအမိန့်ကြော်ငြာစာအရလယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် နိုင်ငံတော်မှဆွဲဆောင်မှုတွေနဲ့  အကူအညီပေးသွားဖို့ပြဋ္ဌာန်းထားပါ တယ်။ ယခုကျင်းပခဲ့တဲ့  ကွန်ဖရင့်က ဒီအမိန့်ကြော်ငြာချက်နဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ အချက်တွေကို ပြန်လည်သုံးသပ်ဖို့ဖြစ်ပါတယ်။ ဒီလိုကူညီ ထောက်ပံ့မှုတွေမှာ လူအင်အားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ထောက်ပံ့မှု နဲ့ ဈေးကွက်ဖွံ့ဖြိုးမှုအတွက် ကူညီမှု၊ သိပ္ပံနဲ့ နည်းပညာကို အသုံးပြုမှု၊ ပရဆေးစိုက်ပျိုးမှုနဲ့  မြောက်ပိုင်းဒေသတွေနဲ့ ဆင်းရဲတဲ့ ခရိုင်တွေမှာ လယ်ယာ၊ သစ်တောနဲ့ ရေလုပ် ငန်းတွေကို အထောက်အကူပေးခြင်း  စတဲ့လုပ်ငန်းတွေပါဝင်ပါတယ်။

   ဆွေးနွေးပွဲ  ကွန်ဖရင့်မှာ ပြည်နယ်တွေရဲ့ ကိုယ်စားလှယ်တွေက မူဝါဒအကောင်အထည်ဖော်ရာမှာ တွေ့ရှိရတဲ့ အခက်အခဲတွေကို ဆွေးနွေးကြပါတယ်။ အမိန့်ကြော်ငြာစာ ကို အကောင်အထည်ဖော်ရာမှာ လမ်းညွှန်အဖြစ် ပြဋ္ဌာန်းထားတဲ့ Circular 5 အရ နိုင်ငံတော်နဲ့ ပြည်တွင်းဘတ်ဂျက်မှ ရရှိတဲ့  ရင်းနှီးမြှုပ်နှံမှုကို အကောင်အထည်ဖော် မှု ကို ပြန်လည်သုံးသပ်ဖို့လည်းပါဝင်ပါတယ်။ ဒီ Circular 5 မှာ မူဝါဒအရ အကူအညီကိုလက်ခံကြမယ့် လယ်ယာ၊ ပင်လယ်စာထပ်ဆင့်ပြုပြင်သူတွေနဲ့ ကုန်ချောထုတ်လုပ် သူတွေရဲ့စာရင်းကို ပြုစုထားဖို့ သတ်မှတ်ထားပါတယ်။

  လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း  ကျေးလက်ဒေသမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေက ထုတ်ကုန်တွေကို တိုးတက်ဖန်တီးနိုင်ခဲ့ကြပြီး အဆင့်မြင့်နဲ့ တန်ဖိုးမြှင့် ထုတ်ကုန်တွေ ထုတ်လုပ်ပြီး သူတို့ရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကိုမြှင့်တင်ခဲ့ကြကြောင်း  ဒုတိယဝန်ကြီးကပြောပါတယ်။

ဉာဏ်တင်