စူမားတြားကျွန်းတွင် အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်

   အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း၊  စူမားတြားကျွန်းတွင် အင်အားရစ်ချ်တာစကေး ၆ ဒသမ ၄ အဆင့်ရှိအင်အားပြင်းထန်သည့် ငလျင်တစ်ခု မတ်  ၃ရက်ကလှုပ်ခတ်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

   ငလျင်လှုပ်ခတ်ပြီးနောက် ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်းဒေသဆိုင်ရာ  အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။  အဆိုပါငလျင်သည် စူမားတြားကျွန်း၏  ကမ်းခြေဒေ သဖြစ်သည့် စီကာဘလူအမ်၏  အနောက်မြောက်ဘက် ကီလိုမီတာ ၅၀ အကွာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေပြင် အောက်အနက် ၃၈ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ငလျင်တိုင်းတာရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်များကို ကိုးကား၍ ဖော်ပြထားသည်။

  အဆိုပါအင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံပြည်သူများမှာ အထိတ်တလန့်ဖြစ်ခဲ့ကြကာ နေအိမ်များအတွင်းမှ အပြင်သို့ ပြေးထွက်ခဲ့ကြရကြောင်းဖြင့် ဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။

   ငလျင်လှုပ်ခတ်ပြီးနောက်  ဒဏ်ရာရရှိသူ တစ်ဦးမျှမရှိသကဲ့သို့  ပျက်စီးဆုံးရှုံးမှုများလည်း မရှိကြောင်းဖြင့် အင်ဒိုနီးရှားနိုင်ငံ  သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအေဂျင်စီမှ  တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

  အင်ဒိုနီးရှားနိုင်ငံသည် မီးတောင်များဝိုန်းရံလျက်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်နေသည့်အတွက် ငလျင်လှုပ်ခတ်မှုများမှာလည်း မကြာခဏဆိုသလိုဖြစ်ပေါ်လေ့ရှိကြောင်းဖြင့် ၎င်း က ထပ်မံပြောကြားခဲ့သည်။

   ၂၀၀၄ခုနှစ် ဒီဇင်ဘာလအတွင်းက  အင်အား ရစ်ချ်တာစကေး ၉ ဒသမ ၁ အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်သည် စူမားတြားကျွန်းကိုဗဟိုပြု၍ လှုပ်ခတ် ခဲ့သည်။ အဆိုပါ ငလျင်ကြောင့် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လူပေါင်း၂၃၀ç၀၀၀ ကျော်သေဆုံးခဲ့ရသည်။ အဆိုပါ အင်အားပြင်းငလျင်ကြောင့် ဆူနာမီရေလှိုင်းများဖြစ်ပေါ်ခဲ့ရသဖြင့် လူများသေဆုံးရခြင်းဖြစ်သည်။

မယ်သီတာ