ဘယ်လ်ဂျီယံအစားအစာကုမ္ပဏီ ယူရို သန်း ၈၀ ရင်းနှီးမြှုပ်နှံမည်

   ဘယ်လ်ဂျီယံနိုင်ငံ၊ Ghent မြို့ အခြေစိုက်အစားအစာကုမ္ပဏီတစ်ခု ဖြစ်သော Alpro သည် ၎င်း၏ စိုက်ပျိုးရေးထုတ်ကုန် အခြေခံအစားအသောက်များထုတ်လုပ်နေမှုကို တိုးချဲ့နိုင်ရေးအတွက် ယူရိုသန်း ၈၀ ထပ်မံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ Alpro သည် ၎င်း၏ အစားအစာထုတ်လုပ်ရေး စက်ရုံများအားဘယ်လ်ဂျီယံနိုင်ငံအပြင် အခြားဥရောပနိုင်ငံများဖြစ်သည့် ဗြိတိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် နယ်သာလန် နိုင်ငံတို့တွင်လည်း တည်ထောင်ထားပါသည်။ ယခုထပ်မံရင်းနှီးမြှုပ်နှံမှုအနက် ယူရို ၆၄သန်းအား ဘယ်လ်ဂျီယံနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီးအလုပ်အကိုင်သစ် ၂၀၀ခန့် ဖန်တီးပေးနိုင်ရန် အဆိုပါ ကုမ္ပဏီကမျှော်မှန်းထားပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့၊