ဗီယက်နမ်နိုင်ငံရဲ့သကြားထုတ်လုပ်ရေးလုပ်ငန်းမှာ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ဖို့လိုအပ်

   ဗီယက်နမ်နိုင်ငံက  အပြည်ပြည်ဆိုင်ရာပေါင်းစည်းမှုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသဖြင့် ပြည်တွင်းသကြားထုတ်လုပ်ရေးလုပ်ငန်းကိုပြုပြင်ပြောင်းလဲ မှုတွေဆောင်ရွက်ပေးဖို့လိုအပ်မှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုကို   အထောက်အကူပေးနိုင်ဖို့အတွက်  ကုမ္ပဏီများပေါင်းစည်းရေးနဲ့ နည်းပညာသစ်များအသုံးချရေးအပါ အဝင် ထိရောက်တဲ့ပြုပြင်ပြောင်းလဲမှုတွေ အကောင်အထည်ဖော်ဖို့လိုကြောင်း VNS သတင်းမှာဖော်ပြထားပါတယ်။

  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (‘ဗလျူတီအို) နဲ့ အာဆီယံမှာထားခဲ့တဲ့ ကတိကဝတ်တွေအရ ဗီယက်နမ်နိုင်ငံက ပို့ကုန်ခွန်တွေအများကြီးလျှော့ချထားပြီးဖြစ်ကြောင်း ကျွမ်းကျင် သူတွေနဲ့အရာရှိတွေကပြောပါတယ်။ ယခုနှစ်အတွင်းမှာ ဗီယက်နမ်နိုင်ငံက သကြားတန်ချိန် ၈၁၀၀၀ အတွက် သွင်းကုန်ခွဲတမ်းကို အာမခံရမှာဖြစ်ပြီး သကြားကြမ်းအတွက် ၂၅ ရာခိုင်နှုန်းနဲ့ သကြားအဖြူ အထည်ခွဲတမ်း ၄၀ ရာခိုင်နှုန်းကိုလျှော့ချပေးရမှာဖြစ်ပါတယ်။ ယခုနှုန်းထားက မူလရှိတဲ့နှုန်းထားများဖြစ်တဲ့ ၈၀ ရာခိုင် နှုန်းနဲ့ ၈၅ ရာခိုင်နှုန်း ကနေလျှော့ချပေးခဲ့ရတာဖြစ်ပါတယ်။

  သွင်းကုန်ခွဲတမ်းကလည်း ဗီယက်နမ်နိုင်ငံ ဒဗလျူတီအိုအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတစ်နှစ်ကို တန်ချိန် ၅၀၀၀၀တင်သွင်းဖို့သတ်မှတ်ထားခဲ့ရာမှ တိုးမြှင့်သတ်မှတ်ပေး ခဲ့တာဖြစ်ပါတယ်။

   ထို့အတူ မကြာသေးမီကာလကလည်း အာဆီယံမှာထားရှိတဲ့  ကတိကဝတ်အရ ဗီယက်နမ်ကအဖွဲ့ဝင်နိုင်ငံတွေအတွက်  သကြားအကြမ်းနဲ့ အဖြူ နှစ်ခုစလုံးအတွက် ဦး စားပေးအခွန်အဖြစ် ၅ ရာခိုင်နှုန်းလျှော့ချပေးခဲ့ရပါတယ်။ လာမယ့် ကုန်သွယ်မှုဆွေးနွေးပွဲတွေအရ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာ ကြမ်းတမ်းတဲ့အခြေအနေတွေ ဖြစ်ပေါ် လာစေနိုင်ပါတယ်။ ယခုလောလောဆယ်မှာ စိုက်ပျိုးရေးနည်းစနစ် ညံ့ဖျင်းမှု၊ အထွက်တိုးမျိုးရှားပါးမှုနဲ့ ပြုပြင်ပြောင်းလဲမှုတွေဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက် သကြား ထုတ်လုပ်မှုလုပ်ငန်းကိုဂယက်ရိုက်ခတ်မှုဖြစ်စေခဲ့ပါတယ်။

ဉာဏ်တင်