ကိုရီးယား-ဂျပန် ကုန်သွယ်မှုသုံးနှစ် ဆက်တိုက်ကျဆင်းနေ

   ၂၀၁၄ခုနှစ်အတွင်း ကိုရီးယား-ဂျပန်ကုန်သွယ်မှုအခြေအနေသည် အမေရိကန်ဒေါ်လာ ၈၆ဘီလီယံသာရှိခဲ့ပြီး ယခင်နှစ်ကထက် ၉ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု Korea International Trade Association (KITA) ၏ မတ်လ၁၈ရက်နေ့ကထုတ်ပြန်သော စာရင်းဇယားများအရသိရှိရသည်။ ကိုရီးယားမှ ဂျပန်သို့ ပို့ကုန်သည် ၇ ရာခိုင်နှုန်း ဒေါ်လာ ၃၂ ဘီလီယံသို့ထိုးကျသွားပြီး၊ သွင်းကုန်သည်လည်း ၁၀ရာခိုင်နှုန်း ဒေါ်လာ ၅၄ ဘီလီယံသို့ကျဆင်းသွားခဲ့သည်။

   ယင်းသို့ပို့ကုန်ရောသွင်းကုန်ပါ ကျဆင်းမှုသည်နှစ်နိုင်ငံကုန်သွယ်မှုဆက် တိုက်ကျဆင်းမှုသည် ၂၀၁၁ ခုနှစ်ကတည်းကဖြစ်နေခဲ့ပြီး၊ ယခုအခါသုံးနှစ်ဆက်တိုက်ကျဆင်းနေ မှုဖြစ်သည်။ ၂၀၁၅ ခုနှစ်ပထမနှစ်လအတွင်းကြိုတင်စာရင်းများအရ နှစ်နိုင်ငံကုန်သွယ်မှုသည် ၁၄ ရာခိုင်နှုန်းကျဆင်းနေခဲ့ပြီဖြစ်ပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀ ဘီလီယံ ခန့်ဖြစ်ခဲ့သည်။ ယင်းကုန်သွယ်မှုပမာဏများကျဆင်းနေမှုသည် ဂျပန်ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့်လည်းဖြစ်သည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ဆိုးလ်မြို့