ဗီယက်နမ်နိုင်ငံ၏ ကျန်းမာရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် အီးယူက ယူရို သန်း ၁၀၀ ကျော်ထောက်ပံ့မည်

   ၂၀၁၅-၂၀၁၇ ခုနှစ်ကာလတွင် ဗီယက်နမ်နိုင်ငံတွင်အကောင်အထည်ဖော် ဆောင်ရွက်မည့်အီးယူကျန်းမာရေးကဏ္ဍ မူဝါဒအထောက်အပံ့ ဒုတိယပိုင်းအစီအစဉ်အရ ဗီယက်နမ် ဘဏ္ဍာရေးဝန်ကြီးနှင့် ဥရောပကော်မရှင်လက် အောက်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဌာနချုပ်မှညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ Mr.  Amilhat  Pierre တို့သည် သဘောတူစာချုပ်တစ်ရပ်အား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင်လက်မှတ်ရေးထိုးခဲ့ပါသည်။အဆိုပါသဘောတူစာချုပ်အရ အီးယူသည် ဗီယက်နမ်နိုင်ငံ၏ ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရို၁၁၄သန်းခန့် ကူညီထောက်ပံ့မည်ဖြစ်ကြောင်းသိရှိရပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့