၂၀၁၆ ခုနှစ်အကုန်မှာ ထိုင်းနိုင်ငံနေရာအနှံ့ မြန်နှုန်းမြင့်အင်တာနက် အသုံးပြုနိုင်မယ်

   လာမယ့်နှစ်အကုန်မှာ ထိုင်းနိုင်ငံရဲ့ ကျေးရွာရပ်ကွက်အနှံ့မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှုရရှိပြီး ၂၀၁၇ ခုနှစ်မှာ အိမ်ထောင်စုတိုင်း အင်တာနက်ဆက် သွယ်မှုရရှိစေရ မယ်လို့ ထိုင်းအစိုးရက မတ်  ၂၄ ရက် တွင် ကြေညာကြောင်း နေးရှင်းသတင်းမှာဖော်ပြပါတယ်။

   ထို့ပြင် အစိုးရအေဂျင်စီ၊ နိုင်ငံတော်ပိုင်လုပ်ငန်းတွေနဲ့  ပုဂ္ဂလိက ကဏ္ဍကိုထောက်ပံ့မှုပေးနေပြီး ပုဂ္ဂလိကလုပ်ငန်း ဆောင်ရွက်နေတဲ့အမျိုးသားစာရင်းအင်းစင်တာ (National Data Centre) ရဲ့ လုပ်ငန်းတွေ လွယ်ကူချောမွေ့စွာဆောင်ရွက်ပေးဖို့ အစိုးရက စီမံကိန်းချဆောင်ရွက်နေပါတယ်။ ဒီအတွက် ဘတ်ဘီလီ ယံ ၄၀ ရင်းနှီးသွားမှာဖြစ်ပါတယ်။

   အစိုးရက G-point ရုံသစ် ၁၁ ခုကိုလည်း တိုးချဲ့ပြီး အဲဒီနေရာတွေကတစ်ဆင့်  ဗဟိုကုန်တိုက်ကြီးတွေမှာရှိတဲ့ အစိုးရရဲ့ Smart ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။ ဒီလိုရုံမျိုးကို ဖေဖော်ဝါရီလအတွင်းက ဗန်ကောက်မှာ Central World ဆိုပြီး ထူထောင်ပေးထားပြီးဖြစ်ပါတယ်။

   အစိုးရက ကော်မတီတစ်ခုကို ထူထောင်ဖွဲ့စည်း ပြီး နိုင်ငံတစ်ဝန်းလုံးမှာ ဖိုင်ဘာကြိုးမြှင့်နည်းပညာနဲ့ မြန်နှုန်းမြင့်အင်တာနက်ကို  တပ်ဆင်အသုံးပြုနိုင်အောင်ဆောင်ရွက်ဖို့  ဒီကော်မတီကိုတာဝန်ပေးခဲ့ပါတယ်။ ဒါကြောင့် လူတွေအားလုံးက အသိပညာဗဟုသုတတွေရရှိနိုင်မှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေကလည်း  သူတို့ရဲ့ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ပရီဒီယာဆွန်ဒီဗက်ကပြောပါတယ်။

   ပထမခြေလှမ်းတစ်ရပ်အဖြစ် အစိုးရကကွန် ရက်  အခြေခံအဆောက်အအုံ  တည်ဆောက်ရေး အတွက်စစ်တမ်းများကောက်ယူပြီး ဖိုင်ဘာအော့ ပတစ်ကွန်ရက်စီမံဆောင် ရွက်သူတို့က ဒီရည်မှန်းချက် ကိုဖြစ်မြောက်အောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

   National Data Centre နဲ့ဆိုင်တဲ့  အစိုးရရဲ့ မူဝါဒအရ ဒီဝန်ဆောင်မှုတွေကို နိုင်ငံတော်နဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအတွက် ဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပြီး အစိုးရက စီမံ ကိန်းတွေ ချမှတ်ဆောင်ရွက်ထားပါတယ်။ ဒီလိုဆောင်ရွက်နိုင်မယ်ဆိုရင်  အဖွဲ့အစည်းတွေက ဒေတာတွေကို ချမှတ်မျှဝေပေးနိုင်မှာဖြစ်တဲ့အတွက် လုပ်ငန်းက စရိတ်လျှော့ ချနိုင်တော့မှာဖြစ်ပါတယ်။

ဉာဏ်တင်