သြစတြေးလျနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဘယ်လ်ဂျီယံဆောက်လုပ်ရေးကုမ္ပဏီစီစဉ်

   ဘယ်လ်ဂျီယံနိုင်ငံတွင် အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီအုပ်စုတစ်ခုဖြစ်သော BESIX Group သည် လာမည့်ငါးနှစ်တာကာလအတွင်း သြစတြေးလျနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှု ပြုလုပ်ရန်လျာထားပြီးဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်တစ်ရပ်အရသိရှိရပါသည်။

   BESIX Group သည် ၂၀၁၄ ခုနှစ်တွင် ဝင်ငွေစုစုပေါင်း ယူရို ၂ ဘီလီယံခန့်ရရှိခဲ့ပါသည်။ ၎င်းသည် ကမ္ဘာ့တိုက်ကြီး ငါးတိုက်ရှိနိုင်ငံပေါင်း ၂၂ နိုင်ငံတွင် လုပ်ငန်းဆောင်ရွက် လျက်ရှိပြီးဝန်ထမ်းစုစုပေါင်း ၁၈၀၀၀ ခန့် ခန့်အပ်ထားပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ဘရပ်ဆဲလ်မြို့