ပထမသုံးလပတ်မှာ အမေရိကန်စီးပွားရေး အနည်းငယ်ကျဆင်း

    ရာသီဥတုဆိုးဝါးမှု၊ ဒေါ်လာတန် ဖိုးမြင့်တက်မှု စွမ်းအင်ကဏ္ဍမှာ အသုံး စရိတ်လျှော့ချမှုနဲ့ အနောက်ဘက်ကမ်း ခြေဆိပ်ကမ်းတွေမှာ အနှောင့်အယှက် အဟန့်အတားများ    ဖြစ်ပေါ်မှုစတဲ့ အကြောင်းတွေကို    ကြိုးစား ရုန်းကန်း ဖြေရှင်းနေရတဲ့အတွက် အမေရိကန် စီးပွားရေးက    ပထမသုံးလပတ်မှာ ကျဆင်းခဲ့ပါတယ်။  ဒါပေမယ့် မူလခန့် မှန်းထားသလောက်ကျဆင်းမသွားဘူး လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒါပေမယ့်  ဆီးနှင်းတွေ  ထူထပ် စွာကျဆင်းမှုနဲ့  ဆိပ်ကမ်းတွေမှာဖြစ် ပေါ်နေတဲ့   အငြင်းပွားမှုတွေ မှေးမှိန် စပြုလာတဲ့အတွက် ဒုတိယသုံးလပတ် အဝင်ကစပြီး စီးပွားရေး  ပြန်လည်ဦး မော့လာခဲ့ပါတယ်။  လက်လီရောင်းချ မှု လုပ်ငန်းတွေကလည်း    မေလမှာ ရောင်းကောင်းခဲ့ကြောင်း  အစီရင်ခံစာ တင်ပြလာကြပြီး    အလုပ်ရှင်များက လည်း အလုပ်အကိုင်အသစ်  ခန့်ထား မှုတွေကို တိုးမြှင့်လာပါတယ်။ အိမ်ရာ မြေလုပ်ငန်းတွေတိုးတက်ကောင်းမွန် လာသလို ကုန်ချောထုတ်လုပ်မှုလုပ်ငန်း တွေကလည်း တည်ငြိမ်စပြုလာပါ တယ်။
     စီးပွားရေးတိုးတက်မှုခိုင်မာလာ တာနဲ့အမျှ  ယခုနှစ်အကုန်မှာ အမေ ရိကန်ဗဟိုဘဏ်က   အတိုးနှုန်းတွေတိုးမြှင့်ပေးမယ့်   လက္ခဏာတွေ တွေ့ရ ပါတယ်။     ဇန်နဝါရီ-မတ်လအတွက် စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) တိုးတက်မှုနှုန်း က သုည ဒသမ ၇ ရာခိုင် နှုန်းကျဆင်းမယ်လို့ မေလက ခန့်မှန်း ခဲ့ရာမှ ဇွန်လ ၂၄ ရက်မှာ သုည ဒသမ ၂ ရာခိုင်နှုန်းသာ ကျဆင်းမယ်လို့ စီးပွား ရေးနဲ့  ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကခန့်မှန်းခဲ့ပါတယ်။
စားသုံးသူသုံးစွဲမှုနဲ့  ကုန်ပစ္စည်း လက်ကျန်ဟာ စောစောပိုင်းက ခန့်မှန်း ထားတာထက် ပိုမိုခိုင်မာတာတွေ ကြောင့် ဂျီဒီပီတိုးတက်မှုနှုန်းကိုပြင်ဆင် ခန့်မှန်းခဲ့တာဖြစ်ပါတယ်။