CP Land Plc. က မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများတိုးချဲ့လုပ်ကိုင်မည်

ထိုင်းနိုင်ငံ Charoen Pokphand Group မှ CP Land Plc.သည် ရန်ကုန်မြို့ရှိ ရုံးအဆောက်အအုံတစ်ခု ကို ဘတ်သန်း ၅၀၀ဖြင့်လွှဲပြောင်းရယူ ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါ သည်။ ရန်ကုန်မြို့၌ ရုံးခန်းနေရာ ဝယ် လိုအား တစ်ဟုန်ထိုးမြင့်တက်လာခြင်း ကြောင့်CP Land Plc.  အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်တွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ရန်ကုန်မြို့၌   တစ်လရုံး ခန်း ငှားရမ်းခနှုန်းသည် တစ်စတုရန်းမီတာ လျှင် ဘတ် ၂၄၀၀ ခန့်ရှိကြောင်း၊ ဗန်ကောက်မြို့၌ Grade-A   အဆင့်ရှိ ရုံးခန်းနေရာ    ငှားရမ်းခနှုန်းထား၏ နှစ်ဆရှိကြောင်း   CP Land  အနေဖြင့် (ပြည်တွင်းပိုင်ရှင်ထံမှ)  ရှစ်ထပ် အဆောက်အအုံကို ဝယ်ယူရန် နားလည်မှု စာချွန်လွှာ   လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း သိရှိရပါသည်။
 ရီရီမွန်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့