အာဆီယံမှာ ဖိလစ်ပိုင်ရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းအင်ကို တိုးမြှင့်ဖို့ အော်ဂဲနစ်စိုက်ပျိုးရေးကို အသုံးပြုမည်

ဖိလစ်ပိုင်နိုင်ငံ အာတဲနီယို ဒီဒါဗာအိုတက္ကသိုလ်မှာ 'Competitiv- eness  of  Agriculture and Agribusiness in Mindanao in the ASEAN Market''  ခေါင်းစဉ်နဲ့  ဖိုရမ်တစ်ခုကို ကျင်းပခဲ့ပါတယ်။အိမ်နီးချင်း အာဆီ ယံနိုင် ငံများနဲ့ ယှဉ်ပြိုင်ရာမှာ အော်ဂဲနစ် လယ်ယာ စိုက်ပျိုးရေးက ဖိလစ်ပိုင်ရဲ့  ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို  တိုးမြှင့်ပေးမှာ ဖြစ် ကြောင်းAcces  Natural Farmip Institute  ရဲ့ဥက္ကဌ Acces Polytechnic College   အမှုဆောင် အရာရှိချုပ် ဒေါက်တာဖရန်စစ္စကို ပီဒဲလာပီနာက ပြောပါတယ်။''အာဆီယံပေါင်းစည်းရေး ကိစ္စကို ပြောကြတဲ့အခါ တခြား အာဆီယံ နိုင်ငံတွေနဲ့ယှဉ်နိုင်အောင်လုပ်ဆောင်ဖို့   နည်းလမ်းက သမားရိုးကျ လုပ်ငန်း တွေ ထက် အော်ဂဲနစ်စိုက်ပျိုးရေးကို ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်''လို့ သူကပြောပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ကောင်းမွန်တဲ့လယ်ယာ စိုက်ပျိုးရေးအလေ့အကျင့် (Good Agricultural Practices-GAP)  တွေ အတွက် အတော်များများ ရင်းနှီးမြှုပ်နှံထားကြပြီး အော်ဂဲနစ်လယ်ယာစိုက်ပျိုး ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမရှိသေးဘူးလို့ ပြောပါတယ်။အစိုးရကမှန်ကန်တဲ့ အစီအမံတွေ ကိုဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ ပါဝင်တဲ့သူတွေအနေနဲ့ ဂရုတစိုက်ဆောင်ရွက်မယ်ဆိုရင်  လယ်ယာစိုက်ပျိုး ရေးကဏ္ဍမှာ ဖိလစ်ပိုင်နိုင်ငံက တခြားနိုင်ငံတွေကို ကျော်လွန်နိုင်မယ့် အလား အလာတွေရှိကြောင်း ဒယ်လာပီနာကပြောပါတယ်။''ကျွန်တော်တို့က အော်ဂဲနစ်လယ်ယာ စိုက်ပျိုးရေးနဲ့ လယ်ယာခရီး သွား လုပ်ငန်းတွေမှာ  ရှေ့တန်းကိုရောက်နေပါပြီ။ တခြားနိုင်ငံတွေမှာ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့အလေ့အကျင့်ကောင်းတွေ ရှိနေပါပြီ။ ဒါပေမယ့် အော်ဂဲနစ်စိုက်ပျိုးရေး မှာတော့ ကောင်းမွန်အောင်မေ ဆာင်ရွက်နို င် သေးပါဘူး။ ဒီအော်ဂဲနစ် လယ်ယာကဏ္ဍမှာ ကျွန်တော်တို့အစိုးရဟာ ပိုမို ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်''လို့ သူကပြောပါတယ်။လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန က လယ်ယာစိုက်ပျိုးရေးအတွက် ဘတ်ဂျက် ပီဆို ၅၂ ဘီလီယံလျာထားပါတယ်။ ဒီထဲက အော်ဂဲနစ်လယ်ယာ စိုက်ပျိုးရေး သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက် လျာထားငွေက ပီဆို ၆၃ ဒသမ ၆၄ သန်းဖြစ်ပါတယ်။ လယ်သမားတွေပူးပေါင်းဆောင်ရွက်မှုက သူတို့ အတွက် ပြင်း ထန်တဲ့ေ လ့ကျင့်ပေးမှုဖြစ်လာပြီး အာဆီယံစီးပွားရေးအသိုက် အဝန်းထဲမှာ နိုင်ငံရဲ့ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို တိုးတက်စေမှာဖြစ်ပါတယ်။