စင်ကာပူနိုင်ငံ၌ တိုတယ်ရေနံကုမ္ပဏီက ချောဆီစက်ရုံအသစ်ဖွင့်လှစ်

ပြင်သစ်နိုင်ငံအခြေစိုက် Total  ရေနံနှင့်    သဘာဝဓာတ်ငွေ့ကုမ္ပဏီ သည် စင်ကာပူနိုင်ငံ   အနောက်ပိုင်းTuas  ဒေသတွင် အကြီးဆုံးသောချောဆီ (Lubricant oil) စက်ရုံကို ဇူလိုင်လ ၃ ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ စက်ရုံကို အမေရိကန်ဒေါ်လာသန်း ၁၅၀ အကုန်အကျခံကာ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး   စင်ကာပူအခြေစိုက်Singapore Lube Park ကုမ္ပဏီနှင့်ဖက် စပ်လုပ်ကိုင်ခြင်းဖြစ်သည်။  အဆိုပါ စက်ရုံမှ တစ်နှစ်လျှင် စက်ဆီချောဆီ တန်ချိန် ၃၁၀၀၀၀ အထိထုတ်လုပ်နိုင် မည်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံ Pandan  နှင့် Pioneer အရပ်ဒေသများရှိ တိုတယ် ကုမ္ပဏီ၏ စက်ရုံနှစ်ရုံမှ လက်ရှိလည် ပတ်နေသော ကုန်ထုတ်လုပ်ငန်းများကို ယခုနှစ်ကုန်ပိုင်းတွင် ဤစက်ရုံအသစ် ဖြင့် အစားထိုးလုပ်ကိုင်ဆောင်ရွက် မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ စက်ရုံ အသစ်မှ အာဆီယံဈေးကွက်အတွင်း ပင်လယ်ရေကြောင်း သွားလာမှု၊ စက်မှု လုပ်ငန်းများနှင့်မော်တော်ယာဉ်များ တွင် အသုံးပြုရန် လိုအပ်သော စက်ဆီ၊ ချောဆီများ၊ တရုတ်နှင့်အိန္ဒိယတို့တွင် ထုတ်လုပ်ခြင်းမရှိသည့် ရေနံထွက်ကုန် များကို ထုတ်လုပ်မည်ဖြစ်ပြီး ယင်း ဒေသများရှိ ဈေးကွက်များသို့ တင်ပို့ ရောင်းချမည်ဖြစ်သည်။ ယခုနှစ် အောက်တိုဘာလ၌ လုပ်ငန်းများ အပြည့်အဝလည်ပတ်နိုင်ရန်အတွက် စက်ဆီ၊ ချောဆီများအား နှစ်ဆတိုးမြှင့် ထုတ်လုပ်မည်ဖြစ်ပြီး ဒေသတွင်း သုံးစွဲ ရန် လိုအပ်ချက်အပေါ် ၃၀ ရာခိုင်နှုန်း အထိ တိုးတက်ထုတ်လုပ်မည်ဖြစ်သည်။
စင်ကာပူနိုင်ငံရှိ သတင်းဌာနများ မှဖော်ပြချက်အရ တိုတယ်ကုမ္ပဏီ၏ စက်ရုံအသစ်၌ ကုန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် အလိုအလျောက်စနစ် ကို အသုံးပြုသည့် စက်ကိရိယာများအား တပ်ဆင်ထားရှိပြီး လုပ်သားအင်အား ၁၀၄ ဦးဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ semi-robotic  ဆီဖြည့်စက်များ အသုံး ပြုခြင်းဖြင့် ယခင်က တစ်နာရီလျှင် ဆီ ပေပါ ၁၆၀ ထုတ်လုပ်နိုင်ရန် လုပ်သား ငါးဦးလိုအပ်သော်လည်း ယခုအခါ တစ်နာရီလျှင် ဆီပေပါ ၂၅၀ ထုတ်လုပ် ရန် လုပ်သား နှစ်ဦးသာ လိုအပ်မည်ဖြစ် ကြောင်း၊ အလားတူသာမန်ဝန်တင် ရွှေ့ပြောင်းယာဉ်  (Forklift)  )  ငါးစီး  အစား ဗကအသာအေငခ ါကငိနိ ယန္တရားသုံး စီးဖြင့် လုပ်ငန်းခွင် ထိခိုက်မှုနည်းပါးစွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြငTuas  ျ ဒေသရှိ ရေနံထွက်ကုန်သိုလှောင် ကန် ၉၅ ခုကိုလည်း Automatic guided  စသည့် အခြားသောရေနံကုမ္ပဏီများ နှင့်မျှဝေအသုံးပြုမည်ဖြစ်ပြီး လိုအပ် သော လျှပ်စစ်စွမ်းအားကို သဘာ၀ ဓာတ်ငွေ့စွမ်းအင်မှ   ထုတ်လုပ်သုံးစွဲ မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ မြေနေရာ နှင့်အသုံးဝန်ဆောင်မှု(Utilities) များ တွင် စရိတ်လျော့နည်းသက်သာမှု ရရှိ မည်ဖြစ်ကြောင်း သိရှိရပါသည်။
စင်ကာပူနိုင်ငံ၌ ရေနံထွက်ကုန် ချောနှင့်ရေနံဓာတုပစ္စည်းများ ထုတ် လုပ်မှုလုပ်ငန်းသည် ကုန်ထုတ်လုပ်မှု တစ်ရပ်လုံး၏ သုံးပုံတစ်ပုံခန့်ရှိပြီး အလုပ်အကိုင်နေရာ ၂၆၀၀၀ ခန့်ကို ဖန်တီးပေးထားပါသည်။ တိုတယ် ကုမ္ပဏီ၏ စက်ရုံအသစ် တည်ဆောက် လုပ်ကိုင်မှုသည် စင်ကာပူနိုင်ငံမှ ပြောင်းလဲဖော်ဆောင်လျက်ရှိသော မြေယာနှင့်လုပ်သားအင်အား လျှော့ချ သုံးစွဲမှုနှင့်အတူ ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးစေမည့် နည်းပညာအခြေပြု ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်း ကို တွန်းအားပေးသည့် စီးပွားရေးစနစ် နှင့်ကိုက်ညီလျက်ရှိကြောင်း စင်ကာပူ ဒုတိယဝန်ကြီးချုပ်Mr.Teo Chee Hean  က စက်ရုံဖွင့်ပွဲ၌ ပြောကြားခဲ့ပါသည်။
တိုတယ်ကုမ္ပဏီ၏ အာရှ-ပစိဖိတ်ဒေသ စက်ဆီချောဆီဈေးကွက် နှင့်ဝန်ဆောင်မှုဌာနမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူMr.Tan Paikok ု က ၂၀၂၅ ခုနှစ် တွင် ဈေးကွက်ဝေစုနှစ်ဆ တိုးတက်ရရှိ နိုင်ရန်အတွက် နှစ်စဉ်ထုတ်လုပ်လျက် ရှိသည့် ချောဆီတန်ချိန် ၅ သိန်းထက် ပိုမိုထုတ်လုပ်နိုင်အောင်   ဆောင်ရွက် သွားမည်ဟုပြောကြားခဲ့ပါသည်။ အာရှ ဒေသ၌ စက်ဆီချောဆီများ၏ ဝယ်လို အားမှာလာမည့် ၁၀ နှစ်တာကာလ အတွင်း ၁၈ ရာခိုင်နှုန်းခန့်မြင့်တက်လာ နိုင်ပြီး ၂၀၂၅ ခုနှစ်တွင် လက်ရှိ ကမ္ဘာ့ ချောဆီစက်ဆီ ဝယ်လိုအား၏ ထက် ဝက်ခန့်ဖြစ်သော တန်ချိန်သန်း ၂၀ အထိ ရောက်ရှိလာနိုင်ကြောင်း တိုတယ် ကုမ္ပဏီမှ ခန့်မှန်းလျက်ရှိပါသည်။
နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့