ယူရိုဇုန်မှ ဂရိနိုင်ငံ နုတ်ထွက်ပါက ဖြစ်ပေါ်လာနိုင်တဲ့ဂယက်ရိုက်ခတ်မှုအတွက် တောင်ကိုရီးယားနိုင်ငံ ပြင်ဆင်

ဂရိနိုင်ငံမှာ ကျင်းပတဲ့ဆန္ဒခံယူပွဲ မှာ ဂရိနိုင်ငံသားတွေက အပြည်ပြည် ဆိုင်ရာမြီရှင်တွေရဲ့ ခြိုးခြံချွေတာရေး အစီအမံတွေကို   ဆန့်ကျင်ပယ်ချခဲ့ပါ တယ်။    ဒီလိုပယ်ချလိုက်တဲ့အတွက် ဘဏ္ဍာရေးဈေးကွက်တွေမှာ   မငြိမ် မသက်မှုတွေကြီးထွားလာမယ့် လက္ခဏာ တွေ့ရတဲ့အတွက်   တောင်ကိုရီးယား နိုင်ငံက  အရေးပေါ်   အစီအမံတွေကို ချမှတ်ဆောင်ရွက်နေကြောင်း ဇူလိုင်လ ၆ ရက်နေ့က အဆင့်မြင့်အရာရှိတစ်ဦး ရဲ့ပြောကြားချက်ကို ကိုးကားပြီးယွန် ဟပ်သတင်းမှာဖော်ပြပါတယ်။ တင်း ကျပ်လှတဲ့ ကယ်တင်မှုချေးငွေ စည်း ကမ်းချက်တွေကို   ဂရိမဲဆန္ဒရှင် ၆၀ ကျော်က ဇူလိုင် ၅ ရက်နေ့မှာ မဲပေး ဆန့်ကျင်ခဲ့တဲ့အတွက် ယူရိုဇုန်မှ ဂရိ နိုင်ငံနုတ်ထွက်ခဲ့မှုနဲ့ပတ်သက်ပြီး စိုးရိမ် ခဲ့ကြပါတယ်။

''ယူရိုဇုန်ကနေ ဂရိနိုင်ငံ နုတ်ထွက် တော့မယ့်အလားအလာတွေ မြင့်မား လာတဲ့အတွက် စတော့ဈေးကွက်နဲ့  နိုင်ငံခြား ဈေးကွက်တွေကိုဂယက်ရိုက် ခတ်မှုတွေ ရှိလာတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့   အရေးပေါ်စီမံချက်ကို ရေးဆွဲနေပါတယ်''လို့ဘဏ္ဍာရေးဝန်ကြီး ဌာနမှ  နိုင်ငံတကာရေးရာ  ဒုတိယ ဝန်ကြီး ချွိုင်ဟီးနမ်က  ပြောပါတယ်။
ဂရိနိုင်ငံရဲ့ ဆန္ဒခံယူပွဲအပြီးမှာ ဖြစ်ပေါ်လာတဲ့    ဂယက်ကခေတ္တသာဖြစ် ပေါ်နိုင်တဲ့ရိုက်ခတ်မှုဖြစ်ပြီး ဥရောပ တောင်ပိုင်းမှာ   ယခင်ဖြစ်ခဲ့တဲ့ ဘဏ္ဍာ ရေးအကျပ်အတည်းနဲ့   နှိုင်းယှဉ်ရင် အများကြီးဖြစ်လာနိုင်စရာအကြောင်း မရှိဘူးလို့ ဈေးကွက်ကျွမ်းကျင်သူတွေ ကပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံနဲ့ ဂရိ နိုင်ငံတို့ရဲ့ တွေ့ထိဆက်ဆံမှုက အကန့် အသတ်ရှိပြီး နိုင်ငံရဲ့  ဘဏ္ဍာရေးခိုင် မာမှုရှိတဲ့အတွက်  ဂရိအကျပ်အတည်း ကြောင့်    ထိခိုက်မှု က မရှိသလောက်ဖြစ် နိုင်တယ်လို့ ဆိုပါတယ်။ မတ်လကုန် စာရင်းများအရ ဂရိ နိုင်ငံနဲ့ ဆက်စပ် နေတဲ့ ပြည်တွင်းဘဏ်နဲ့  ဘဏ်မဟုတ် တဲ့အဖွဲ့အစည်းတွေရဲ့ ထိတွေ့ဆက် ဆံမှုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံရှိပြီး တောင်ကိုရီးယားနိုင်ငံ မှ နိုင်ငံခြားချေးငွေစုစုပေါင်းရဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်းသာရှိကြောင်း   ဘဏ္ဍာ ရေးကြီးကြပ်မှုလုပ်ငန်းမှ တာဝန်ရှိသူ က ပြောပါတယ်။

 

ဉာဏ်တင် စုစည်းတင်ပြသည်