အိန္ဒိယစီးပွားရေးက ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံကို ကျော်တက်မည်

အပြည်ပြည်ဆိုင်ရာ    ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ယခု နှစ်တွင်ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုကို ၃ ဒသမ ၃ ရာခိုင်နှုန်းရှိမယ်လို့   လျှော့ချ ခန့်မှန်းထားပေမယ့်    အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက   ကမ္ဘာမှာအမြန်ဆုံး နှုန်းနဲ့တိုးတက်ပြီး    ၂၀၁၆ ခုနှစ်မှာ ဒုတိယမြောက်နှစ်အဖြစ်  ၇ ဒသမ ၅ ရာခိုင်နှုန်းထိရောက်ရှိလိမ့်မယ်လို့ ခန့် မှန်းထားကြောင်း ပီတီအိုင် သတင်းမှာ ဖော်ပြပါတယ်။
အိုင်အမ်အက်ဖ်ရဲ့ ကမ္ဘာ့စီးပွား ရေးအလားအလာ  အစီရင်ခံစာမှာ ၂၀၁၆ ခုနှစ်အတွက် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိတဲ့    တရုတ်နိုင်ငံ ထက်သာလွန်လိမ့်မယ်လို့ ပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာ အိန္ဒိယရဲ့ ဖွံ့ဖြိုးမှုနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်း ပြီး တရုတ်နိုင်ငံက  ၆ ဒသမ ၃ ရာခိုင် နှုန်းသာရှိမယ်လို့ ခန့်မှန်းပါတယ်။၂၀၁၄ ခုနှစ်က အခြေအနေကို ပြန်ကြည့်မယ်ဆိုပါက   အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက ၇ ဒသမ ၃ ရာ ခိုင်နှုန်းရှိပြီး တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက် မှုနှုန်းကပိုမို လျင်မြန်ကာ ၇ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့တာကို အိုင်အမ်အက်ဖ် စာရင်းဇယားများအရ သိရပါတယ်။အိန္ဒိယနိုင်ငံ အတွက်   အိုင်အမ်အက်ဖ်အဖွဲ့ရဲ့ခန့်မှန်းချက်က အိန္ဒိယ နိုင်ငံဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့  အိန္ဒိယဗဟိုဘဏ်တို့ရဲ့   ခန့်မှန်းချက်အောက် ကျသွားတာကို    တွေ့ရပါတယ်။ ၂၀၁၅-၁၆  ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာ ရေးဝန်ကြီးဌာန၏  ဖွံ့ဖြိုးမှုနှုန်း ခန့်မှန်း ချက်မှာ ၈ ရာခိုင်နှုန်းမှ  ၈ ဒသမ ၅ ရာခိုင်နှုန်းအတွင်းဖြစ်ပြီး အိန္ဒိယဗဟို ဘဏ်ရဲ့ ခန့်မှန်းချက်မှာ ၇ ဒသမ ၆ ရာ ခိုင်နှုန်းဖြစ်ပါတယ်။IMF  အိန္ဒိယအတွက်   ကိန်းဂဏန်းအချက်အလက်တွေ  ပြုစုရာ မှာ ဘဏ္ဍာနှစ်အကုန်ကို  မတ်လအကုန်မှာ ထားပြီး အိုင်အမ်အက်ဖ်က     တွက်ချက် ခဲ့ကာ တခြားနိုင်ငံတွေကိုတော့ ဒီဇင် ဘာလ အကုန်နဲ့ တွက်ချက်ပါတယ်။
အိန္ဒိယနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ စလုံးကိုတွက်ချက်နှိုင်းယှဉ်ရာမှာတော့ ဧပြီလစောစောပိုင်းက  ပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်  တိုးတက်မှုနှုန်းကို ၃ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးရှိမယ်လို့ ခန့်မှန်းပါတယ်။