ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတွင် အီတာလျံ-ထိုင်းကုမ္ပဏီ ပြန်လည်ပါဝင်မည်

မြန်မာနိုင်ငံတွင် အကောင် အထည်ဖော်လျက်ရှိသည့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း၏ ကနဦး အဆင့်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာအစိုးရနှင့်လုပ် ပိုင်ခွင့်အပ်နှင်းသည့် သဘောတူစာချုပ် တွင် ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် အီတာလျံ- ထိုင်းကုမ္ပဏီပြန်လည်ပါဝင်မည်ဖြစ် ကြောင်း ဗန်ကောက် ပို့စ် တွင် ဖော်ပြ ထားသည်။
Italian-Thai Development (ITD)  ၏ ကုမ္ပဏီခွဲဖြစ်သော ထားဝယ် ဖွံ့ဖြိုးရေးကုမ္ပဏီ(Dawei Develop-ment Co.)  သည် စက်မှုနယ်မြေ (Indu-strial estate) တည် ဆောက်ရန် အတွက် ဇူလိုင်လ ၂၄ ရက် နေ့တွင် လုပ်ပိုင်ခွင့် ပေးအပ်သည့် စာချုပ်ကို ထားဝယ် အထူးစီးပွားရေးဇုန် မှ တာဝန်ရှိသူများ နှင့်လက်မှတ်ရေး ထိုးမည်ဖြစ်ကြောင်းITD ၏ မန်နေးဂျင်း ဒါရိုက်တာMr. Somchet Thainaphong မှပြောကြားခဲ့ ပါသည်။
အဆိုပါအထူးစီးပွားရေးဇုန်တွင်ITD  မှ ဆောင်ရွက်ရမည့် အပိုင်းကို မြန်မာအစိုးရနှင့်ဆွေးနွေး ညှိနှိုင်းဆဲ ဖြစ်ကြောင်း၊  ထိုင်းနိုင်ငံအနေဖြင့် မြန်မာအစိုးရအား ထားဝယ်နှင့်ထိုင်း နယ်စပ် ကို ဆက်သွယ်သည့် ၁၃၇ ကီလို မီတာရှည်သည့် ကားလမ်းဖောက်လုပ်ရန် အတွက် သုည ဒသမ ၁၀ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေး မည်ဖြစ်ကြောင်း သိရှိရပါ သည်။
ကုမ္ပဏီအနေဖြင့် အဆိုပါ စီမံကိန်းကို အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ရာ လုပ်ပိုင် ခွင့်ပေးအပ်ခြင်းဆိုင်ရာ စာချုပ်ချုပ်ဆို ပြီး မကြာခင်မှာပင် စက်မှုနယ်မြေ တည်ဆောက်ရေးလုပ်ငန်းများကို စတင်မည်ဖြစ်ကြောင်းMr. Somchet က ပြောကြားခဲ့ပါသည်။ စီမံကိန်း၏ အစီအစဉ်အရ အခြေခံအဆောက် အအုံ၊ သဘာဝဓာတ်ငွေ့သိုလှောင်ရုံ၊  လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဆိပ်ကမ်း ငယ်များ တည်ဆောက်ရမည်ဖြစ်ပါသည်။
အီတာလျံ-ထိုင်းကုမ္ပဏီအနေ ဖြင့် ယခင်က တည်ဆောက်ခဲ့သော အခြေခံအဆောက်အအုံများသည် ဆောက်လုပ်ရေးလုပ်ငန်းများကို လျင်မြန်စွာပြီးစေမည်ဖြစ်ပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်၌ မြန်မာ၊ ထိုင်းနှင့်ဂျပန်တို့ လက်မှတ်ရေးထိုးခဲ့ သော ထားဝယ်အထူးစီးပွားရေးဇုန် အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာMemorandum of Intent  အရ ဂျပန် နိုင်ငံသည် အဆိုပါစီးပွားရေးဇုန်ကို ဖန်တီးဖော်ဆောင်ရာတွင် အဆောက် အအုံများ တည်ဆောက်ရေးဆိုင်ရာ အင်ဂျင်နီယာဒီဇိုင်းများနှင့်ငွေကြေး စိုက်ထုတ်သုံးစွဲမှုများတွင် အဓိက အရေးပါသည့် အခန်းကဏ္ဍမှပါဝင် မည်ဖြစ်သည်။
အီတာလျံ-ထိုင်းကုမ္ပဏီသည် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဘတ် ၂၇ ဘီလီယံတန်ဖိုးရှိသည့် မြေဧက ၂၀၀၀၀ ရိုင်ပေါ်တွင် စီမံကိန်း လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင် ရွက်မည်ဖြစ်သည်။

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့