ဘဏ္ဍာငွေ ဝမ် ၄၅၀ ထရီလီယံ ထည့်သွင်းခြင်းဖြင့် ဈေးကွက်ပျက်နေသည့် အိမ်ရာဆောက်လုပ်ရေးဈေးကွက်အား ကုစားပေးမည်

နှစ်ကာလရှည် ဈေးကွက်အီနေ သော အိမ်ရာမြေဈေးကွက်အား ပြန် လည်စည်ပင်လာစေရန် ကိုရီးယား အစိုးရက ဈေးကွက်အတွင်းသို့ ဘဏ္ဍာ ငွေ ဝမ် ၄၅၀ ထရီလီယံ (ဒေါ်လာ ၃၉၆ သန်း) ထည့်သွင်းကုစားပေးမည် ဖြစ် ကြောင်း ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဘဏ္ဍာရေးဝန်ကြီးChoi Kyoung-hwan  က ဇူလိုင်လ ၉ ရက်နေ့တွင် ပြော ကြားခဲ့သည်။ အစိုးရသည် အသုံး မပြု တော့ဘဲ စွန့်ပစ်ထားသည့် အဆောက် အအုံအဟောင်းများအတွက် မူဝါဒချ မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နှစ် ၃၀ ကျော်သက်တမ်းရှိသည့် အဆောက် အအုံများကို အဆောက် အအုံဟောင်း များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အဆောက်အအုံများကို ပြင် ဆင်ရာတွင် ဝမ် ၄၅၀ ထရီလီယံ အသုံး ပြုမည်ဖြစ်ရာ ကြီးမားသော ဈေးကွက် ကြီးတစ်ခု ဖန် တီးလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစိုးရသည် ကြိုတင်ကာကွယ် တားဆီးသည့်အနေဖြင့် စီးပွားရေး အခြေအနေကောင်းမွန်သည့် လမ်း ကြောင်းအပေါ် အလျင်အမြန်ဆွဲတင် နိုင်ခြင်းမရှိပါက ရေရှည်တွင် အခက် အခဲကြီး မားလာနိုင်သလို ရေတိုကာလ တွင်လည်း အခက်အခဲပိုမိုကြုံတွေ့လာ မည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးက မှတ်ချက်ပြု     ပြောကြားခဲ့သည်။  ကိုရီး ယားစီးပွားရေးသည်   ရင်းနှီးမြှုပ်နှံ မှုအားနည်းနေခြင်း၊ စီးပွားရေးဖွံ့ဖြိုးမှု နှုန်းနှေးကွေးနေခြင်းတို့ကြောင့် စီးပွားရေးကျဆင်းမှုများနှင့်ကြုံတွေ့နေရ ကြောင်း၊ ထို့ပြင်MERS  ရောဂါပြန့်ပွား မှု၊ မိုးခေါင်ရေရှားမှုနှင့် ဂရိနို င်ငံ ငွေကြေးြ ပဿနာ စသည့် ပြင်ပပယောဂ များ၏ ရိုက်ခတ်မှုများကို ခံစားနေရပါ ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးက ဆက် လက်မှတ်ချက်ပြုပြောကြားသွားခဲ့ သည်။          

သန့်ဇင်၊ စီးပွားရေးသံမှူး   မြန်မာသံရုံး၊ ဆိုးလ်မြို့