ထားဝယ်စီမံကိန်း ဖြည်းဖြည်းချင်း အကောင်အထည်ပေါ်လာ

     ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ပြည်တွင်းလိုအပ်ချက် တည်ဆောက်ရေးလုပ်ငန်းများ၊ အခြားသောစီမံကိန်းများအတွက် လျှပ်စစ်ဓာတ်အား ထုတ်ပေးလျက်ရှိသော ပထမ ဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့်အတူ စတင်ရုပ်လုံးပေါ်လာပြီဖြစ်ပါသည်။ ထိုင်းနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွင် ဂျပန်ပါဝင်လာပြီးနောက် ရင်းနှီးမြှုပ်နှံမှု အလွန်ကြီးမားသော စီမံ ကိန်းသည် အတိုင်းအတာတစ်ခုအထိ အရှိန်ရလာပြီဖြစ်ပါသည်။ ထားဝယ်နှင့်လေဆိပ်ကို ဆက်သွယ်ထားသော အမြန်လမ်းကို အဆင့်မြှင့်တင် တိုးချဲ့လျက်ရှိပါသည်။
     Andaman Power and Utility Co. (APU) ကုမ္ပဏီသည် ထားဝယ်ဇုန်တွင် မဂ္ဂါဝပ် ၅၀၀ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရန် ပထမဆုံး လိုင်စင်ရရှိခဲ့သော ကုမ္ပဏီ ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပထမအဆင့်အဖြစ် ၆-၂၀ မဂ္ဂါဝပ် ထုတ်လုပ်မှု စတင်ခဲ့သည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း၊ APU သည် ဗြိတိန်အခြေစိုက် Aggreko ကုမ္ပဏီမှ နှစ်နှစ်စာချုပ်ဖြင့် ငှားထားသည့် ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ် စက်များ အသုံးပြု၍ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ APU အနေဖြင့် ပထမအဆင့် လျှပ်စစ် ဓာတ်အားထုတ်စက်ရုံအနီးတွင် မဂ္ဂါဝပ် ၂၀၀ ထုတ်လုပ်နိုင်သည့် ဒုတိယစက်ရုံတည်ဆောက်မည်ဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အား ဝယ်ယူရေးစာချုပ် နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရနှင့်ဆွေးနွေးလျက်ရှိပါသည်။ စီမံကိန်း၏ ဒုတိယအဆင့် လျှပ်စစ်ဓာတ်အားစက်ရုံအတွက် ဘတ် ၆ ဒသမ ၅ -၇ ဒသမ ၅ ဘီလီယံ ရင်းနှီး မြှုပ်နှံရမည်ဖြစ်ပါသည်။
     တတိယအဆင့်အဖြစ် မဂ္ဂါဝပ် ၃၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံ သုံးရုံအတွက် ဓာတ်ငွေ့များကို မြန်မာနိုင်ငံရှိ PTT Explo- ration and Production (PTTEP) ၏ ဇောတိကဓာတ်ငွေ့မြေမှ ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့