လူမှုရေးမီဒီယာများကို မြောက်ကိုရီးယားက စတင်အသုံးပြုလာ

 မြောက်ကိုရီးယား နိုင်ငံသားများ သည် ပြင်ပကမ္ဘာနှင့်ဆက်သွယ်ရန်နှင့် စပ်စုတတ်သော မျက်လုံးများမှ ရှောင် ရှားသွားရန် အုပ်ချုပ်သူအစိုးရ၏ ဝါဒ ဖြန့်ချီရေးယန္တရားအဖြစ် အသုံးပြုလျက် ရှိသည့် ဆိုရှယ်မီဒီယာများကို ပိုမိုသုံးစွဲ လာခဲ့ကြပါသည်။ ယခင်အပတ်က မြောက်ကိုရီးယားအရာထမ်းတစ်ဦး၏ ငinstagram account  တွင် ခေါင်းဆောင် ကင်ဂျုံအန်၏ ရိုးရာ ဝတ် အစား ဝတ် ဆင်ထားသည့် ဓာတ်ပုံနှင့်ကိုရီးယား ပြည်သူအချို့ ပြုံယမ်းတွင် စကိတ်စီးနေ သည့်ပုံများကို တင်ထားခဲ့သည်ကို တွေ့ရ သည်။ကင်ဂျုံအန်အာဏာရ လာပြီး နောက် ဆိုရှယ် မီဒီယာများကို ထဲထဲဝင် ဝင် သုံးစွဲလာကြပြီး ဆိုက်ဘာစစ်ပွဲရေးရာ ကျွမ်းကျင်သူ ၆ç၀၀၀ ဦးခန့် လေ့ကျင့်မွေး မြူထားသည်ဟု ခန့်မှန်းရသည်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီး ယားလိုလားသည့် ဝက်ဘ်ဆိုဒ်ပေါင်း ၁၆၂ ခုရှိပြီး၊ ၂၀၁၄ ခုနှစ်ဇူလိုင်လ စာရင်း အရ ပြုံယမ်းအခြေစိုက် ဆိုရှယ်မီဒီယာ အကောင့်ပေါင်း ၁ç၆၂၂ ခုရှိသည်ဟု သိရှိ ရသည်။

သန့်ဇင်၊
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊  ဆိုးလ်မြို့