လားရှိုးဈေးကွက်မှာ ပြောင်းဈေးငြိမ်နေပြီး အရောင်းအဝယ်ကောင်းနေ

ယခုတစ်ပတ်  လားရှိုးဈေးကွက်မှာ ပြောင်းဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ကောင်းနေကြောင်း သိရပါတယ်။ ယခု တစ်ပတ်ပြောင်းတစ်ပိဿာ ကျပ် ၄၇၀ (တစ်တန်ကျပ် ၂၈၇၈၂၀) ဈေးရှိခဲ့ရာ ယခင်တစ်ပတ်ဈေးနှုန်း အတိုင်း ဈေးအတက်အကျ မရှိခဲ့ကြောင်း သိရပါတယ်။  အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်တစ်ပတ်က ၂၀၆၈၈၃၇၁ ပိဿာ ရှိခဲ့ရာမှ ယခုတစ်ပတ်မှာ ၂၀၇၄၈၉၉၈ ပိဿာရှိခဲ့လို့ အရောင်းအဝယ်လည်း ကောင်းခဲ့ ကြောင်း သိရပါတယ်။  သယ်ယူပို့ဆောင်ခအနေနဲ့ လားရှိုးမှ မူဆယ်အထိ ယခင်တစ်ပတ်က ပြောင်းတစ်ပိဿာ ၃၅ကျပ်ရှိခဲ့ ပေမယ့် ယခုတစ်ပတ်မှာတော့ ပြောင်းတစ် ပိဿာ ၃၇ကျပ်ရှိခဲ့လို့ သယ်ယူပို့ဆောင်စရိတ် အနည်းငယ် တက် လာခဲ့ကြောင်း သိရပါ တယ်။