အညာကြက်သွန်နီဈေးအနည်းငယ်ပြန်ကျ

    မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ကြက်သွန်ဈေးကွက်တွင် ကြက်သွန်နီဈေးကျဆင်းလျက်ရှိပြီး လက်လီသမား များသာအဝယ်ရှိကြောင်း ရောင်းဝယ်သူများထံက သိရသည်။''ယခုတစ်ပတ်မှာ ကြက်သွန်နီလက်လီအဝယ်ရှိတယ် ကျောက်ပန်းတောင်း၊ ပွင့်ဖြူ၊ မကွေးဘက် ကလည်း ဝယ်တယ်။ ယခုနယ်ကြက်သွန်ဥကြီးရယ်မဟုတ်တော့ဘူး အမျိုးအစားစုံအောင်ရောင်းရတယ်'' ဟုပွဲစားက ပြောပါသည်။ယခုတစ်ပတ်  လက်လီဈေးမှာ ကြက်သွန်အကြီးတစ် ပိဿာလျှင်ကျပ် ၁၃၀ဝ၊ ကြက်သွန်အလတ်တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၊ အသေးအခွံချွတ် ကြက်သွန်ကတော့ ကျပ် ၇၀ဝ ဖြင့်ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ်ကထက် တစ်ပိဿာလျှင် ကျပ် ၂၀ဝ မှ ၃၀ဝ အထိ ဈေးကျလာကြောင်းသိရသည်။''ကြက်သွန်နီအသစ်ကလည်းပေါ်ဖို့ နီးနေပြီဆိုတော့ ဈေးကျတယ်။ လက်ကျန်လည်း တောင်သူနဲ့ပွဲစားတွေထံမှာ နည်း လာတယ်။ ဒါပေမယ့် လက်လီကတော့ အဝယ်ရှိနေတာ ဈေးကျပေမယ့် မသိမသာကျတာပါ''ဟုလက်လီရောင်းသူ မသန်းဝင်းက ပြောသည်။                                              
  ရွှေဇင်