မိတ္ထီလာခရိုင် မြေပဲသီးနှံများ စတင်ရိတ်သိမ်းလျက်ရှိ

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မြေပဲသီးနှံများကို မေလတွင် စတင် စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မြေပဲ တစ်ဧကလျှင် (၃၆၀,၀၀၀) ကျပ် ခန့် ကုန်ကျပြီး အထွက်နှုန်း အနေဖြင့် (၃၀)တင်းခန့် ထွက်ရှိ ကြောင်း၊ ဈေးနှုန်းအနေဖြင့် မြေပဲအတောင့်တစ်တင်းလျှင် (၂၀,၀၀၀)ကျပ်၊ မြေပဲဆံ တစ်ပိဿာလျှင် (၈,၅၀၀) ကျပ်ရှိကြောင်း ဈေးကွက်မှ သိရသည်။ မြေပဲသီးနှံ တစ်ဧကလျှင် ဝင်ငွေ ၆၀၀,၀၀၀ ကျပ် ရရှိပြီး အကျိုးအမြတ် အနေဖြင့် ၂၄၀,၀၀၀ ကျပ် ရရှိကြောင်း သိရသည်။

DOCA (မန္တလေး)