ဆောင်းကုလားပဲ စိုက်ပျိုးမှု၊ရိတ်သိမ်းထွက်ရှိမှုနှင့် စျေးနှုန်းစျေးကွက်

   မန္တလေးတိုင်းဒေသကြီး၊‌‌ ကျောက်ဆည်ခရိုင်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းကုလားပဲ များအား ကျောက်ဆည်မြို့နယ်တွင် ၂၈၄၂၆ ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် ၁၆၃၀၄ ဧက၊ မြစ်သားမြို့နယ်တွင် ၃၃၆၁၂ ဧက၊ စုစုပေါင်း ၇၈၃၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်း ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၉၄၇၆ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၁၁၇၆၉ ဧက၊ မြစ်သားမြို့နယ်တွင် ၂၀၆၁၄ ဧက၊ စုစုပေါင်း ၄၁၈၅၉ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏စာရင်းများအရ သိရသည်။
 

   ကုလားပဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရန်အတွက် တစ်ဧကလျှင် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ၂၅၀,၀၀၀ ကျပ်ခန့် ကုန်ကျပြီး ပျမ်းမျှအထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၉-၁၀ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ကုလားပဲ စတင် ထွက်ပေါ်ချိန် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကုလားပဲရိုးရိုး တစ်တင်းလျှင် ၉၀,၀၀၀ ကျပ်၊ ကုလားပဲ V2 တစ်တင်း လျှင် ၉၈,၀၀၀ ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် ကုလားပဲရိုးရိုး တစ်တင်းလျှင် ၇၄,၀၀၀/- ကျပ်၊ ကုလားပဲ V2 တစ်တင်းလျှင် ၇၈,၀၀၀/- ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ၅၀၀,၀၀၀ ကျပ်ခန့်ရရှိ ကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
 

DOCA (မန္တလေး)