ရွှေဘိုဈေးကွက်၌ ပဲတီစိမ်းသီးနှံဈေးနှုန်းများ ဆက်လက်ကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုဈေးကွက်သို့ ပဲတီစိမ်းသီးနှံများ မေလ၊ ပထမပတ် မှစတင်၍ ဝင်‌ရောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ၊ နောက်ဆုံးပတ်တွင် အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင် ငွေကျပ် ၇၀,၅၀ဝ ရှိပြီး ဇူလိုင်လ၊ နောက်ဆုံးပတ် အတွင်း အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ပဲတီစိမ်းသီးနှံ ၄၅၀၀ တင်း၊ တန်အားဖြင့် ၁၄၇ တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ၊ တတိယပတ်နှင့် ဇူလိုင်လ၊ နောက်ဆုံးပတ် အရောင်း အဝယ်ဖြစ်သည့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဇူလိုင်လ၊ တတိယပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ငွေကျပ် ၆၅,၀၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇူလိုင်လ၊ နောက်ဆုံးပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် ငွေကျပ် ၅,၅၀ဝ ပိုမိုရရှိပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ၊ နောက်ဆုံးပတ်တွင် ပဲတီစိမ်း သီးနှံ ဈေးကောင်းဆက်လက်ရရှိလျက်ရှိပြီး အရောင်းအဝယ်များလည်း ပိုမိုကောင်းမွန်လာကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(စစ်ကိုင်း)