စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာတွင် ရုံးပတီသီးဈေးကောင်းရ၍ တောင်သူများအဆင်ပြေ

    မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖို ဆောင်သီးနှံဖြစ်သည့် ဟင်းသီးဟင်းရွက်များကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး ငလင်ပန်းကျေးရွာတွင် ရုံးပတီသီးနှံကို  စိုက်ဧက၇ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

   ရုံးပတီသီးနှံကို စက်တင်ဘာလ၊ တတိယပတ်တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလ၊ ပထမပတ်တွင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ မြေအောက်ရေတင်စနစ်ဖြင့် အတန်းလိုက် နှစ်ပေအကွာ ကျင်းငယ် များတူးပြီး အစေ့ချ၍ စိုက်ပျိုးကြောင်း၊ ရုံးပတီသီးမျိုးအနေဖြင့် မျှားနီတံဆိပ်မျိုးစေ့ကို စိုက်ပျိုးပြီး ရေလုံ လောက်စွာရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းပိဿာချိန် ၉၀၀-၁,၂၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ၊ ပထမပတ်တွင် ရုံးပတီသီးတစ်ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၃,၀၀၀ - ၃,၅၀၀ နှင့် လက်လီဈေး ရုံးပတီသီးအတောင့် ၁၀ တောင့်လျှင် ငွေကျပ် ၄၀၀-၅၀၀ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ငွေကျပ် ၁၇ သိန်းခန့် အကျိုးအမြတ်ရရှိ ကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြ ကြောင်းနှင့် ထိုမှတစ်ဆင့် မင်းဘူးမြို့နှင့် မကွေးမြို့ပေါ်ရှိ လက်လီလက်ကား ကုန်စိမ်းဆိုင်များသို့ တင်ပို့ ရောင်းချကြောင်း၊ ယခုနှစ်တွင် ရုံးပတီသီးများ ဈေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ 

DOCA (မကွေး)