ဆိပ်ဖြူမြို့၊ ရွာသစ်ကျေးရွာတွင် မြေပဲများလှိုင်လှိုင်ထွက်ပေါ်၍ ဈေးကောင်းရ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ကျေးရွာတွင် ကြက်သွန်နီ၊ ပဲမျိုး စုံနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံဖြစ်သည့် မြေပဲကိုလည်း စိုက်ဧက ၃၅ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။
မြေပဲကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလ၊ ပထမပတ်တွင် စတင်တူးဖော်ရ ကြောင်း၊ မြေပဲမျိုးအနေဖြင့် မြေပဲလုံးဆန်ဖြူ (S1)မျိုးကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုး ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစုနှင့် အလုပ်သမားခအပါအဝင် တစ်ဧကလျှင် ကျပ် ၈ သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေပဲတစ်ဧကလျှင် ၄၅ တင်းခန့် ထွက်ရှိ ကြောင်း၊ ဈေးနှုန်းအနေဖြင့် မြေပဲအတောင့် တစ်တင်းလျှင် ငွေကျပ် ၃၃,၀၀၀-၄၁,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ငွေကျပ် ၁၀ သိန်းခန့် အမြတ်ရရှိကြောင်း၊ ယခုအချိန်တွင် ဧရာဝတီ မြစ်ကမ်းဘေးရှိ ကိုင်းကျွန်းမြေနုများတွင် ဆောင်းမြေပဲသီးနှံများ စိုက်ပျိုးချိန်ဖြစ်၍ မြေပဲဆန်မျိုး များ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြေပဲဆန်မျိုး တစ်ပြည်လျှင် ငွေကျပ် ၈,၅၀၀-၁၀,၀၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် မြေပဲအထွက်နှုန်း နည်းပါးသော်လည်း သီးနှံပေါ်ချိန်တွင် ယခင်နှစ်ထက် ဈေးနှုန်းကောင်းမွန်သောကြောင့် မြေပဲစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရသည်။
DOCA(မကွေး)