ဓနုဖြူမြို့နယ်၌ အုန်းသီးများ စတင်ထွက်ပေါ်၍ ဈေးကောင်းရ

          ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ အုန်းပင်များကိုလည်း စိုက်ဧက ၁,၀၁၀ ခန့် စိုက်ပျိုးထားရှိပြီး ယခုအချိန်တွင် ဧက ၇၀၀ ခန့်မှ အုန်းသီးများ စတင်ထွက်ရှိကြောင်း သိရသည်။

          အုန်းပျိုးပင် တစ်ပင်လျှင် ငွေကျပ် ၃၅၀၀ ဖြင့် ဝယ်ယူ၍ တစ်ဧကလျှင် အုန်းပင် ၂၀၀ ပင်ခန့် စိုက်ပျိုးရပြီး စတင်စိုက်ပျိုးချိန်တွင် သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစု‌ပေါင်းငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၃ နှစ်သားအရွယ်တွင် အုန်းသီးများ စတင်ခူးဆွတ်နိုင် ကြောင်း၊ တစ်လလျှင်တစ်ကြိမ်ခူးဆွတ်နိုင်ပြီး အုန်းသီးအလုံးရေ ၇၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် အုန်းသီးတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၂,၀၀၀ ၊ လက်လီဈေး ငွေကျပ် ၂,၅၀၀ ဖြင့် ရောင်းချရသည့်အတွက် လက်လီဈေး ငွေကျပ် ၂,၅၀၀ ဖြင့် တွက်ချက်ပါက တစ်လလျှင် ငွေကျပ် ၄ သိန်းခန့်အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဓနုဖြူမြို့နယ်အတွင်း အုန်းခြစ်လုပ်ငန်း၊ အုန်းညှစ် လုပ်ငန်းများသို့ ရောင်းချမှုအပြင် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ဓနုဖြူမြို့နယ်ထွက် အုန်းသီးများ ဈေးနှုန်းကောင်းမွန်ခြင်း၊ ဝယ်ယူမှုများပြားခြင်းကြောင့် အုန်းပင်စိုက်တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)